ဖတ်၍၎င်း၊ပြောသံကြားဖြင့်၎င်း၊IT ကိုအနည်းအကျဉ်းလေ့လာထားသူများရဲ့ လမ်းညွှန်မှုဖြင့်၎င်း
Windows ကိုကိုယ်တိုင်တင်ကြပါတယ်။ဒါဟာ ကောင်းသောလက္ခဏာတရပ်ပါ။ဒါပေမဲ့ များသော
အားဖြင့် နည်းစနစ်မမှန်ကန်ခြင်းကြောင့် ဝင်းဒိုးတင်ပြီးပြဿနာများ ကြုံတွေ့လာရပါတယ်။
(၁)မိမိ တင်လိုတဲ့ Windows 7 Edition ISO ဖိုင်ကိုဒေါင်းလုပ်ယူပါ။
(၂)ဒေါင်းလုပ်ပြီး ISO ဖိုင်ကို ပြည့်စုံမှုရှိ၊မရှိ စစ်ဆေးပြီး Burning Softwares တခုခုဖြင့်
Bootable Image အဖြစ် DVD-R (or) Flash Drive(USB Stick) မှာ Creat လုပ်ပါ။
(ကျွန်တော်အကြိုက်ဆုံးနဲ့ လက်ကိုင်သုံးတာကတော့ Power ISO ပါ)
(၃)အဲဒီ Bootable Image DVD (or) USB ကိုစက်မှာထည့်ပါ။
(၄)Local Disk(C:) မှသိမ်းဆည်းထားချင်တဲ့ Files များကိုအခြား Disk(D:/E:/F:..etc)
မှာ Move လုပ်ပြီး စက်ကို Power ခလုတ်နဲ့ပိတ်လိုက်ပါ။
(၅)စက်ကို Power ပြန်ဖွင့်ပြီး f9 (or) f12 (or) Delete ကို ရိုက်ပါ။Boot Manager တက်လာရင်
DVD Rom (or) USB flash drive ကိုရွေး၊Enter ရိုက်ပါ။
(Boot Manager ကောင်းကောင်းအလုပ်လုပ်တဲ့ တချို့စက်များမှာ DVD ဖြင့်တင်ပါက
Auto Boot တက်လာပြီး Enter ရိုက်ရုံပါ။)
(၆)အောက်ကပုံအတိုင်း Windows is loading files ..ဆိုပြီး စတင် Boot လုပ်ပါမယ်။
(၇)Loading ပြီးရင် Language ကိုရွေးပြီး Next ကိုကလစ်ပါ။
(၈)နောက်တဆင့် Install now ကို ကလစ်ပါ။(ဒီနေရာမှာ Windows ကအင်စတောမဖြစ်ဘဲ
Error တခုခုတက်လာရင် ဘယ်ဘက်အောက်နားက Repair your computer ကိုကလစ်
ပြီး Repair လုပ်ဘို့လိုအပ်ပါတယ်။၁၅-မိနစ်ခန့်ကြာနိုင်ပြီး Repair ပြီးလို့ Restart ကျ၊စက်ပြန်
ပွင့်လာရင် Boot ပြန်လုပ်ပါ)
(၉) I accept license terms ကိုအမှန်ခြစ်ပေးပြီး Next ကို ကလစ်ပါ။
(၁ဝ) Custom (advanced) ကိုရွေးပါ။(Oreginal Microsoft Windows 7 DVD 1 PC 1DVD
အခွေဝယ်ထားမှသာ Upgrade ကိုရွေးလို့ရပါတယ်။တခွေကိုဒေါ်လာ ၁ဝဝကျော်ပါတယ်)
(၁၁) အင်စတောလုပ်မဲ့ Hard Disk(C:)-System Disk ကိုစက်ကအော်တိုရွေးပြီးဖြစ်လို့
အခြား Disk များကိုကလစ်ပြီးမရွေးမိဘို့သတိပြုပါ။ညာဘက်အောက်နားက Drive
option(advanced) ကိုကလစ်ပြီး Format လုပ်ပါ။Next ကိုကလစ်ပါ။
(၁၂) အောက်မှာမြင်ရတဲ့ပုံတွေအတိုင်း Copying,Expanding,Installing လုပ်ပါလိမ့်မယ်။
(၁၃) ပထမအကြိမ် Restart ကျပါမယ်။Restart now ကိုမကလစ်ပါနဲ့။အဆင်မပြေရင်
Boot Missing ဖြစ်သွားနိုင်ပါတယ်။
(၁၄) Windows ပြန်တက်လာပြီး အောက်ပုံတွေအတိုင်း ဆက်လက် အင်စတောလုပ်ပါမယ်။
(၁၅) Installing ပြီးတာနဲ့ ဒုတိယအကြိမ် Restart ကျပြီး Windows ပြန်တက်လာပါမယ်။
(၁၆) Windows Account name ကို မိမိကြိုက်နှစ်သက်ရာ နာမည်တခုရိုက်ထည့်ပါ။
(၁၇) Password ၂-ကြိမ်ရိုက်ပါ။ပြီးရင် Hint ရိုက်ထည့်ပါ။(Password နှင့် Hint မတူအောင်
ထည့်ပါ)
(၁၈) Windows Product Key ထည့်ရမဲ့နေရာဖြစ်ပါတယ်။များသေားအားဖြင့်ဒီနေရာမှာ
Skip လုပ်ပြီးဆက်သွားကြတာများတယ်။Skip မလုပ်ပါနဲ့။Key ထည့်ပါ။Edition
အားလုံးတွက်ကီးကို ပုံပေါ်မှာရေးပေးထားပါတယ်။(ကီးထည့်ခြင်းဖြင့် မိမိတင်တဲ့ဝင်းဒိုး
ကို ဘယ်နေ့၊ဘယ်အချိန်၊ဘယ် Edition ကိုတင်တယ်ဆိုတာ Microsoft က Auto Record
လုပ်ထားပေးပြီး performances တခုခုဖြစ်လာပါက Microsoft.com ကိုဝင်ပြီးဖြေရှင်း
နည်းများ၊Fix it ဆော့ဝဲများ ရယူနိုင်ပါတယ်။)
(၁၉) အင်တာနက်ရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ Use recommended settings ကိုရွေးပါ။
(ဒီနေရာမှာ လှေနံဓါးထစ်အစွဲတခုက windows ကို Update ဖွင့်သုံးရင်စက်ပျက်တတ်
တယ်...ဆိုတဲ့ အစွဲကြီးပါ။Microsoft ရဲ့ Windows 7 အင်စတောလုပ်ပုံမှာလဲအဲသည်လို
ရေးထားတာမရှိပါ။Microsoft ကလဲ Use recommended settings ကိုသာရွေးဘို့ရေး
ထားတာပါ။ Update ဖွင့်သုံလို့စက်ပျက်မယ်ဆိုရင်ကျွန်တော်တင်ပေးခဲ့သမျှ စက်အလုံး
ပေါင်း ၃ဝဝ-ကျော်လောက်ကအမှိုက်ပုံးထဲရောက်လောက်ပြီပေါ့။ဘာမှမဖြစ်ပါ။ဖလန်းဖလန်း
ထလျက် သုံးနေကြဆဲပါ။)
(၂ဝ) Time zone ကိုရွေးပြီး Next ကိုကလစ်ပါ။
(၂၁) Home Network ကိုရွေးပါ။(ဒီနေရာမှာ Use recommended settings ကိုရွေးထားတဲ့
အတွက် wireless သုံးသူများ Available ဖြစ်နေတဲ့ Wireless Network များတက်လာပြီး
ကိုယ်သုံးတဲ့ Network ကိုရွေး၊password ထည့်ပါ)
(၂၂) ဒီလိုတဆင့်ချင်းနည်းစနစ်မှန်ကန်စွာ အင်စတောလုပ်ရင် အောက်ကပုံတွေအတိုင်း
ကိုယ်တင်လိုက်တဲ့ windows က ဘာပြဿနာမှမရှိဘဲ တက်လာပြီး လိုအပ်တဲ့
ဆော့ဝဲတွေကိုဆက်လက် အင်စတောလုပ်ရုံဖြစ်ပါတယ်။
မှန်ကန်သောနည်းပညာများ ဆက်လက်လေ့လာ၊ပြန်လည်ဝေမျှ နိုင်ကြပါစေ။
(အလင်းသစ်နံနက်ခင်း)
Thanks for the good write-up. It in fact used to be an amusement account it. Glance advanced to far brought agreeable from you! However, how can we keep in touch? Get More Info: How To Really Password Protect Folder
ReplyDeleteIf you are searching for residential and commercial plots for sale in Lahore, then we will recommend Aetmaad | a Leading Real Estate Marketing Agency. They offer the highest level of services to buyers and sellers.
ReplyDeleteplots for sale in Lahore