Winrar ဆိုတာနဲ့ ကွန်ပျူတာမှာ မရှိမဖြစ်တဲ့ Application Software ဆိုတာကို
အားလုံးသိကြမှာပါ။ ကွန်ပျူတာတစ်လုံး ၀င်းဒိုးတင်ပြီးလို့ Folder လား
Files လား Zip Files တွေစသည်ဖြင့် ခွဲခြားမသိနိုင်တဲ့အချိန် ဒီ Winrar လေးကို
မိမိကွန်ပျူတာ OS ကိုကြည့်ပြီး 32/64 bit စသည်ဖြင့် အင်စတောလုပ်ပြီးမှာသာ
ခွဲခွဲခြားခြားသိကြရတာပါ။ နောက်ကျနော့်အတွေ့အကြုံလေး
ပြောကြည့်ပါမယ်။ ဒီ Winrar ဆော့ဝဲလေးကို အကျိုးရှိရှိ အသုံးချတတ်ရင်
မိမိကွန်ပျူတာထဲမှာ ဘယ်လိုအမျိုးအစား Virus မျိုးကိုမဆို ကာကွယ်နိုင်ပါတယ်။
မိမိကွန်ပျူတာမှာသိမ်းဆည်းထားတဲ့ Software အားလုံးကို ဖိုင်တစ်ခုတည်း
Folder တစ်ခုပြုလုပ်ပြီး အများမသိစေချင်တဲ့ နာမည်နဲ့ သိမ်းဆည်းထားနိုင်သော
တစ်ခုတည်းသော Powerful ဆော့ဝဲကြီးပါ။ စောနားကပြောတဲ့ Virus ရန်မှ
ကာကွယ်ချင်ရင်တော့ မိမိသိမ်းဆဲလိုတဲ့ ဖိုင်အားလုံးကိုဖြစ်ဖြစ် ဆော့ဝဲအားလုံးဖြစ်ဖြစ်
Select All ပေး Right Click ထောက်ပြီး Winrar Zip ဆိုတာကိုနှိပ်လိုက်တာနဲ့
ဖိုင်အားလုံး ဆော့ဝဲအားလုံးဟာ ဖိုင်တစ်ခုတည်း Folder တစ်ခုဖြစ်ပြီး မိမိထားလိုရာ
နာမည်ကို ထာပြီးသိမ်းဆဲထားနိုင်ပါတယ်။ Zip ချုပ်ထားတဲ့ File & Folder တွေကို
ဘာ Virus မှ မ၀င်နိုင်တော့ပါဘူးခင်ဗျား ကျနော် ဆို ဒီလိုပဲထားသိမ်းပါတယ်။
ကဲဗျာ မိမိဖုန်းထဲမှာ သိမ်းဆဲထားချင်တာကများ Storage ကမဆန့်ဖူး
Virus ရန်လည်းကြောက်တယ်ဆိုရင်တော့ ဒီ Winrar လေးကိုသာ
အင်စတောလုပ်ပြီး Zip ချုပ်ထားလိုက်ပါလို့ အကြုံပြုပါစေခင်ဗျား။
Size 3.1 MB ရှိပါတယ်။ 4.0 အထက်ဖုန်းအားလုံးမှာ အဆင်ပြေပါတယ်။ လိုအပ်သူများအောက်မှာဒေါင်းပါဗျာ။

0 coment�rios:
Post a Comment