Adbox

ခင်မင်ချင်ရင် မန်ဘာ ဝင်ရောက်နိုင်ပါတယ်

မိမိ Account Gmail ကို 2-Step ခံထားနည်း



တောင်းဆိုထားကြတဲ့  နည်းပညာသူငယ်ချင်းတွေအတွက် မိမိ Account  Gmail ကို 2-Step ခံထားနည်း ကို တင်ပေးလိုက်ပါတယ်။ သိပြီးသားသူတွေကတော့ ကျော်သွားပေးပါ မသိသေးကြတဲ့ သူငယ်ချင်းတွေအတွက်  တင်ပေးလိုက်တာပါ ။ လင်း သိသလောက်ပေါ့။။တန်းဖိုးထားတဲ့ အကောင့်ပိုင်ရှင်များအတွက် passworld သိတောင်မှ ဝင်သုံးလို့မရအောင် 2 setup ခံထားသင့်ပါတယ် ။မိမိ Account  ကို 2-Step ခံထားမှ စိတ်ချ လက်ချ သုံးလို့ရတာပေါ့။။
 ။ Gmail ကို Singin ၀င်တိုင်း Ph ကို code ပို့ပေးပါ့မယ်။  Hacker  ရန်မှကာကွယ်ရန်နည်း
လမ်းကောင်းလေးတစ်ခုပါ။ လိုအပ်သူများ အောက်မှာ လုပ်ပုံးလုပ်နည်းကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်။
မထမဦးစွာ
မိမိ Account  Gmail ကို 2-Step ခံထားချင်ရင် အောက်က လင့်ကို ဝင်သွားလိုက်ပါ။

https://accounts.google.com/ServiceLogin?

မိမိအကောင့်ကို Singin ဝင်ထားလိုက်ပါ။။


ပြီးရင်တော့ အောက်က Start set up>> ကို ပြန်နှိပ်ဝင်ပါ။


2-Step ခံမှာမို့လို့  အသုံးပြုချင်တဲ့ ဖုန်းနံပါတ်ကို ရေးထည့်ရပါမယ်။ ရှေ့က မိမိနေထိုင်တဲ့ နိုင်ငံကုတ်ကို ရွေးပြီးမှ မိမိဖုန်းနံ့ပါတ်ကို  ရိုက်ထည့်ပေးလိုက်ပါ။ ပြီးရင်တော့ အောက်မှာ တစ်ခုခုကိုရွေးပါ။
Text message (SMS) ဆိုတာ မိမိဖုန်းကို စာအိပ်ကုတ် ပို့လာပေးတာပါ။ Voice Call ဆိုတာ တိုက်ရိုက် ဖုန်းခေါ်ပြီး ပြောလာတာ။ ကြိုက်နှစ်သက်ရာကို ရွေးပြီး အသုံးပြုနိုင်ပါတယ်။ လင်းက  ထိုင်းမှာနေလို့ +66 ကို ရွေးပြီး ကိုယ်ပိုင်  ဖုန်းနံပါတ်ကို  ထည့်ပြီး   Text message (SMS)  မှာ အစက်ချပြီ  Sead code ကိုရွေးပြီး  ပြန်နှိပ်လိုက်တာပါ။ နိုင်ငံအလိုက် ထည့်ပေးလိုက်ရုံပဲ။


ခဏနေရင်တော့ Google  က ဖုန်းထဲ့ကို ကုတ်ပို့လာပါတယ်။ဖုန်းထဲ့က စာအိပ်ကို ဖောက်ပြီး   ကုတ်နံပါတ်က ၆ လုံးကို အောက်က နေရာမှာ မှန်ကန်စွာ ရိုက်ထည့်ပေးပါ။ ပြီးရင် Verify ကို နှိပ်ပေးလိုက်ပါ။
ဒီနေရာမှာလည်း Next >> ကိုပဲ့ ဆက်တိုက် နှိပ်ပေးလိုက်ပါ။။

 အောက်မှာလည်ဘဲ့ Confirn ကိုပဲ့ ပြန်နှိပ်ပေးလိုက်ပါ။


အောက်ကအဆင့်ကို ရောက်ရင်တော့   မိမိ Account  Gmail ကို 2-Step ခံထားနည်း ပြီးဆုံးပါပြီ။

လုံချုံသော အကောင့် ပိုင်ရှင် ဖြစ်စေရန်အတွက်  တင်ပြလိုက်တာပါ ကျေးဇူးတင်ပါတယ်။
           နည်းပညာ လမ်းကြောင်းပေါ်က သူငယ်ချင်း တွေကို လေးစားလျှက်  ။။။။။။။။။။။။။

       
Share on Google Plus

About Ko Lin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 coment�rios:

Post a Comment