Adbox

ခင်မင်ချင်ရင် မန်ဘာ ဝင်ရောက်နိုင်ပါတယ်





iTune မလိုပဲ iPhone ထဲကို သီချင်း ၊ ဗီဒီယိုသွင်းကြမယ် (Zawgyi Version)
==================

အသုံးပြုပုံ
----------
Ref : Copy Trans Manager
Aung Ko Htet (MMAS)
‪#‎akh_mmas‬



iTune မလိုပဲ iPhone ထဲကို သီချင်း ၊ ဗီဒီယိုသွင်းကြမယ် (Unicode Version)
===================
i Device အသုံးပြုနေကြတဲ့ အသုံးပြုသူ တွေအတွက် အခက်ခဲဖြစ်စေတဲ့ အချက်တစ်ချက်ကတော့ သီချင်းသွင်းချင်တာပဲဖြစ်ဖြစ် ၊ ဆော့ဖ်၀ဲလ်သွင်းချင်ရင်ပဲဖြစ်ဖြစ် iTune ကနေ တစ်ဆင့် သွင်းရပါတယ်။ အကယ်၍ မိမိ ကွန်ပျူတာမှာ iTune မရှိတဲ့အခါ အခြား ကွန်ပျူတာမှာရှိတဲ့ iTune ကနေတစ်ဆင့် မိမိရဲ့ ဖုန်းအတွင်းကို သီချင်း ၊ ဆော့ဖ်ဝဲလ် သွင်းမယ်ဆိုရင် ကွန်ပျူတာထဲမှာရှိတဲ့ Media Data တွေကို မိမိရဲ့ ဖုန်းအတွင်းသို့ Syncronize လုပ်ရပါတယ်။ အဲ့လို Sync လုပ်မယ်ဆိုရင် မိမိထဲမှာရှိနေတဲ့ Data တွေကို ဖျက်လိုက်ရပါတယ်။ သီချင်းတို့ ၊ ဗီဒီယို တို့သွင်းချင်ရုံနဲ့ ဒီလိုအခက်ခဲတွေ မကြုံချင်ဘူးဆိုရင်တော့ Window Software လေးတစ်ခုတော့ ဆောင်ထားလိုက်ပါ။ အဲ့ဒီ Window Software လေးက သင့် iPhone ထဲမှာရှိတဲ့ Data တွေကို Sync လုပ်စရာမလိုပဲ သီချင်းတို့ ၊ ဗီဒီယိုတို့ကို သွင်းနိုင်မှာဖြစ်ပါတယ်။ ထို Software ရဲ့နာမည်ကတော့ Copy Trans Manager ဖြစ်ပါတယ်။
အသုံးပြုပုံ 
----------
ပထမဦးဆုံးအနေနဲ့ Copy Trnas Manager Software ကို Download လုပ်ပြီး မိမိကွန်ပျူတာအတွင်းသို့ install လုပ်လိုက်ပါ။ Download Link >>> http://goo.gl/7GPRmU
ဒုတိယအဆင့်အနေနဲ့ မိမိရဲ့ iDevice ကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး Copy Trans Manager Software ကို ဖွင့်လိုက်ပါ။ မိမိ Device Name ကို copy trans manager အတွင်းမှာမြင်ရပြီဆိုရင် အပေါ်ညာဘက်ထောင့်နားမှာရှိနေတဲ့ Add Button လေးကိုနှိပ်လိုက်ပြီး သီချင်းရှိတဲ့ လမ်းကြောင်းကို ရွေးပေးလိုက်ပါ။
ပြီးရင် Add Button ကိုပဲ ထပ်နှိပ်ပြီးရင် Copy trans Manager ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာရှိတဲ့ update ဆိုတဲ့ Button ကို နှိပ်လိုက်ပါ။ ဒါဆိုရင် မိမိရွေးထားတဲ့ သီချင်းတွေ ၊ ဗီဒီယိုတွေအကုန်လုံး မိမိချိတ်ဆက်ထားတဲ့ iPhone ထဲကို ရောက်သွားမှာဖြစ်ပါတယ်။
ဒါကြောင့် မိမိသွင်းချင်တဲ့ သီချင်းတွေကို အခြားကွန်ပျူတာထဲကနေပဲဖြစ်ဖြစ် မိမိကွန်ပျူတာထဲကနေပဲဖြစ်ဖြစ် iPhone , iPad , iPod ထဲသွင်းချင်တယ်ဆိုရင် ဘာ Sync မှလုပ်စရာမလို ၊ ဘာ Data မှဖျက်စရာမလိုတော့ပဲ သီချင်းတွေ ၊ ဗီဒီယိုတွေကို သွင်းနိုင်မှာဖြစ်ပါတယ်။ ဒ့ါအပြင်မိမိ iDevice ထဲက သီချင်းနာမည်နဲ့ သီချင်းရဲ့ ဖော်ပြချက်အသေးစိတ်ကိုလည်း မိမိကြိုက်နှစ်သက်သလို ပြင်နိုင်ပါသေးတယ်။
Ref : Copy Trans Manager
Aung Ko Htet (MMAS)







ကျနော်တင်သမျှ  Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> လင်း နည်းပညာ page ကို    Like လုပ်ထားပေးပါ.  ကျေးဇူးတင်ပါတယ်။

     အဆင်ပြေကြပါစေ။
Share on Google Plus

About Ko Lin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 coment�rios:

Post a Comment