Adbox

ခင်မင်ချင်ရင် မန်ဘာ ဝင်ရောက်နိုင်ပါတယ်

Samsung အားလုံးကို Odin နဲ့ သုံးပြီ Root ဖောက်ခြင်း



ဒီပို့လေးကို ရေးနေကြတဲ့ သူငယ်ချင်းတွေ အရမ်းများပါတယ် ဒါပေမယ့် မသိသေးကြတဲ့ သူငယ်ချင်းတွေအတွက်  တင်ပေးလိုက်ပါတယ်။
ပထမဦးဆုံး ပေါ့ Samsung ကို Odin  နဲ့ ဖောက်မယ်ဆိုရင် မိမိဖုန်းမော်ဒယ်အမျိုးအစားတွေကို ရွေးပြီး အောက်လင့်မှာ လိုအပ်​တဲ့  Cf -Auto - Root   ရှာပြီသွားဒေါင်းပေးပါ။

https://autoroot.chainfire.eu/

ဒေါင်းလို့ရလာတဲ့ လိုအပ်​တဲ့ Cf -Auto - Root  ကို သိမ်းထားပြီး
ပြီးရင်တော့ Odin version အစုံကို အောက်မှာ သွားဒေါင်းပေးပါ။

http://pc.cd/ElLrtalK

Samsung USB Driver  ကိုတော့ ဒီမှာ ပဲ့ သွားဒေါင်းပေးပြီး

လိုအပ်တာတွေဒေါင်းပြီးရင် Rootလုပ်ဖို့စလိုက်ရအောင် ဖုန်း Settings ထဲကိုသွားပါ Developer options ကိုဝင်ပါ USB debugging check မှာအမှတ်ခြစ်လိုက်ပါ။

Settings ထဲမှာ Developer options မတွေ့ပါက about device ကိုဝင်ပါ ။Build number ပေါ်ကိုလက်ဖြင့် ၆ချက်၇ချက်လောက်နှိပ်ပေးလိုက်ပါ ဒါဆို Developer options ပေါ်လာပါလိမ့်မယ်။
ကဲဒါဆို Rootဖောက်ဖို့ စလိုက်ရအောင်ဗျာ။



ပုံထဲကအတိုင်း Download Modeထဲရောက်ပြီဆိုရင် Computerက Odinကိုဖွင့်ပါ ပြီးရင် မိမိဖုန်းကို computerနဲ့ ချိတ်ဆက်ပေးလိုက်ပါ မိမိဖုန်းကို computerကသိပြီဆိုရင် Odin Boxအပေါ်ထောင့်လေးမှာ အပြာရောင်လေးသမ်းနေတာကို တွေ့ ရပါလိမ့်မယ် ဒါဆိုရင် Odin က PDAကို တစ်ချက်နှိပ့်လိုက်ပါ  ပြီးရင် Cf auto root ကို zip ဖြည့်ထည့်ပါ ထည့်ြ့ပီးပါက START ကိုနှိပ်ပေးလိုက်ပါ။


 START နှိပ်ပြီးသွားရင် မိမိဖုန်းက ပါဝါပိတ်သွားပါမယ် ပြန်ပွင့်လားရင် #ပုံနဲ့ Supersu appလေးရောက်နေပါပြီ ဒါဆို မိမိဖုန်းဟာ Rootရရှိသွားပြီ ဖြစ်ပါတယ် ပုံအတိုင်းဆက်ကြည့်ပါ


သတိထားရမဲ့အချက်... ပါဝါပိတ်ပြီး ပြန်ပွင့်လာတဲ့အခါ Odin မှာ Pass ဆိုတဲ့စာတန်းလေး မပေါ်မချင်း ချိတ်ဆက်ထားတဲ့ USB ကြိုးကို လုံးဝမဖြုတ်ပါနဲ့ Odin မှာ Pass ဆိုတဲ့စာတန်းလေး ပေါ်လာရင်တော့ Root ဖောက်လို့ အောင်မြင်သွားပါပြီးဗျာ။


Samsung အားလုံးကို Odin သုံးပြီ Root ဖောက်နည်း အဆင်ပြေကြပါစေ။



ကျနော်တင်သမျှ  Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> လင်း နည်းပညာ page ကို    Like လုပ်ထားပေးပါ.  ကျေးဇူးတင်ပါတယ်။

     အဆင်ပြေကြပါစေ။
Share on Google Plus

About Ko Lin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 coment�rios:

Post a Comment