Adbox

ခင်မင်ချင်ရင် မန်ဘာ ဝင်ရောက်နိုင်ပါတယ်

ဲမြန်မာ့ရိုးရာ အတို့အမြုပ်ကလေးများနှင့် ဆေးဖက်အသုံးဝင်ပုံ




မန်မာ့ရိုးရာ အတို့အမြုပ်ကလေးများနှင့် ဆေးဖက်အသုံးဝင်ပုံ

ကန်စွန်းရွက်
* ကန်စွန်းရွက်သည် မိခင်များအတွက် နို့ရည်နှင့် သုက်
ဓာတ်ကို ပွါးစေဧ။် ။ အဖျားဖျားပြီးစ အင်အားကုန်ခန်းနေ
သူအား ကန်စွန်းရွက်လက်တစ်ဆုပ်၊ ထန်းလျက်တစ်လုံး
ထည့်၍ ပြုတ်တိုက်ပါက ခွန်အားအမြန်ပြည့်စေဧ။် ။
ရေငတ်၊ ကျောက်တည်ရောဂါ၊ ဆီးရောဂါ၊ သွေးဝမ်းနှင့်
မီးယပ်ဖြူ ရောဂါတို့ကို နိုင်ဧ။် ။ အထူးသဖြင့် အဆိပ်
အတောက်ကိုနိုင်ဧ။် ။ ဆီးပူကြောင့်ဖြစ်သော ပန်းသေ၊
ပန်းညှိုးရောဂါကို ကန်စွန်းရွက် နှင့် ထောပတ် ကြော်စားက
ပျောက်ကင်းစေပါဧ။် ။
~ ပုစွန်စာ ~
* မြေတွင်ပြန့်ပေါက်သောမျိုး နှင့် အဆစ်မှ မြေကိုတွယ်ကပ်၍ ပေါက်သောမျိုး ဟူ၍ နှစ်မျိုးရှိပါဧ။် ။
ပုစွန်စာရွက်ကို ကြော်စားခြင်းဖြင့်၎င်း၊ ဟင်းချိုချက်စားခြင်း
ဖြင့်၎င်း စားသုံးကြပါဧ။် ။ အရသာမှာ ဖန်ဧ။် ။ မိခင်များ
အတွက် နို့ရည်ကို ပွါးစေဧ။် ။ အထူးသဖြင့် အဆုပ်ရောဂါ
အမျိုးမျိုးကို အကျိုးပြုသည် ။ ပုစွန်စာဟင်းချိုကို သောက်
သုံးပါက ဆီးရောဂါ ပျောက်ကင်းစေပါသည် ။
~ ကညို့ ~
* ကျေးလက်ဒေသများတွင် အတို့အမြုပ်အဖြစ် စားသုံးကြဧ။် ။ ကညို့သည် လေနှင့် သည်းခြေကိုနိုင်ဧ။် ။
ဝမ်းချုပ်ဧ။် ။ ဆီးပူရောဂါ၊ သွေးဝမ်းသွားခြင်း ရောဂါတို့ကို
နိုင်ဧ။် ။ သွေးအန်၊ သွေးကျနာ ကို ပျောက်ကင်းစေပါဧ။် ။
~ မှိုနတို ~
* အတို့အမြုပ်အဖြစ် အသုံးပြုကြပါဧ။် ။ အရွက်သည်
ချိုဧ။် ။ ၀မ်းမီးကို တောက်စေဧ။် ။ ချာချာလည်အောင်
မူးဝေသောရောဂါ၊ သွေးပုပ်ကျန်သော ရောဂါ၊ ခံတွင်းပျက်ရောဂါ၊ ကလေးလေဆန်ရောဂါ တို့ကို ပျောက်
ကင်းစေပါသည် ။ မှိုနတို(အချို) မျိုးကို ပြုတ်၍ သကြား
သင့်ရုံထည့်သောက်ခြင်းဖြင့်၎င်း၊ အပင်ငယ်လေးများကို
ရှောက်ရည်ဖြင့် စိမ်ထားပြီး (၂)ရက်ခန့် အကြာတွင် ဆယ်ယူ၍ လက်သုပ်လုပ်စားပါက အမျိုးသမီးများ သွေးပုပ်ကျန် ရောဂါကို ပျောက်ကင်းစေပါသည် ။
~ ကနဖော့ ~
* အပင်ငယ်မျိုးဖြစ်ပြီး အရိုးအရွက် တစ်ပင်လုံး အသုံး
ပြုနိုင်သည် ။ အရသာမှာ အနည်းငယ် ခါးသက်ဧ။် ။ စပ်ဧ။် ။ ၀မ်းအနည်းငယ် သက်စေဧ။် ။ သည်းခြေ နှင့်
သလိပ်ကို နိုင်ဧ။် ။ ကိုယ်ဖောရောင်ခြင်းကို နိုင်ဧ။် ။
ကိုယ်ဖောရောင်ခြင်းအတွက် ကနဖော့ ပြုတ်တို့စားပါက
ပျောက်ကင်းစေပါဧ။် ။ (မှတ်ချက်) အပူရှိန်ကြောင့် ငုပ်သောအဖော နှင့် သလိပ်ကြောင့်ဖြစ်သော အဖောများ
ကိုသာ ပျောက်ကင်းနိုင်ပါသည် ။
~ ကြက်ဟင်းခါးရွက် ~
* အရသာ ခါး စိမ့်ဧ။် ။ လေ၊ သည်းခြေ၊ သလိပ်
ဒေါသ(၃)ပါးကို နိုင်ဧ။် ။ ပဉ္ဓငါးပါး အသုံးပြုနိုင်ဧ။် ။ နှုတ်
မြိန်စေဧ။် ။ ၀မ်းမီးတောက်စေဧ။် ။ အညစ်အကြေးကို ဖြိုခွင်းဧ။် ။ ပိုးကိုဖြိုခွင်းတတ်၍ နှုတ်မမြိန်ရောဂါ၊ ၀မ်းမီး
နုန့်ရောဂါ၊ အစာမကြေရောဂါ၊ အသည်းရောဂါ၊ ၀မ်းချုပ်ခြင်း၊ မြင်းသရိုက်ရောဂါ တို့ကို ပျောက်ကင်းစေပါ
ဧ။် ။ ထို့အပြင် ဖောရောင်ရောဂါ၊ နူနာရောဂါ တို့ကို
ဖျက်စီးတတ်ဧ။် ။ အညှော်နှင့် အပုပ်အခိုးတို့ကို ထွက်စေ
ဧ။် ။ ကျေးလက်ဓလေ့အရ အရက်နာကျသူများ ကြက်ဟင်းခါးအညွန့်ကလေးများ
ကို အရည်ညှစ်တိုက်ပါ။ အညွန်းကို ရေနွေးဖျော၊ ထမင်း
နှင့်ကျွေး ။ (တနည်း) အရွက်အညွန့်ကလေးများကို ပြုတ်
တို့စားပါ။ ထမင်းရည်သောက်ပါ။ အရက်ကြိုက်သူများ
အတွက် အသည်းဆေးပဲ ဖြစ်ပါသည်။ ကြာလျှင် အသည်းကျက်သွားနိုင်ပါသဖြင့်၊ အသည်းမကျက်အောင် ကြက်ဟင်းခါးညွန့် စားပေးပါ ။
Myawady Health
       
 လင်း(စွယ်စုံ)
www.linmss.org
အဆင်ပြေကြပါစေ။
Share on Google Plus

About Ko Lin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 coment�rios:

Post a Comment