Adbox

ခင်မင်ချင်ရင် မန်ဘာ ဝင်ရောက်နိုင်ပါတယ်

အမြန်ဆုံး ခါးနာ သက်သာစေမည့် နေထိုင်မှုပုံစံ



အမြန်ဆုံး ခါးနာ သက်သာစေမည့် နေထိုင်မှုပုံစံ
လူတိုင်း လိုလိုဟာ ဘဝမှာ တစ်ချိန်မဟုတ် တစ်ချိန် ဆိုသလို ခါးနာ ဖူးကြပါတယ်။
အသက် ၄၅ နှစ်အောက်အရွယ်တွေမှာ ခါးနာတာက စိတ်အနှောင့်အယှက်ဖြစ်စရာ အကောင်းဆုံးနာကျင်မှုပါ။ ခါးနာတာအများစုက အနေအထိုင်၊ သွားလာလှုပ်ရှားမှု ပုံမမှန်တာကြောင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခါးနာဝေဒနာကို ချက်ချင်းသက်သာစေမယ့်နည်းတွေကို ရေးသားလိုက်ရပါတယ်။
(၁) သင့် လက်ကိုင်အိတ်ထဲမှ မလိုအပ်သည်များ ရှင်းလင်းပါ
ခန္ဓာကိုယ်ရဲ့ ဘေးဘက်တစ်ခြမ်း တည်းမှာ လေးလံလွန်းတဲ့ အိတ်ကို လွယ်တာက သင့်အရိုးစနစ်အပေါ် ဖိအားသက်ရောက်စေပါတယ်။ ဒါ ကြောင့် သင်လွယ်မယ့် ဘေးလွယ် အိတ်၊ ကျောပိုးအိတ်၊ လက်ကိုင် အိတ် စတာတွေကို အလေးချိန် ချိန်ကြည့်ပါ။ အဲဒီအိတ်က သင့်ခန္ဓာ ကိုယ်အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်း ထက်ပိုများနေရင် အိတ်ထဲက မလို အပ်တဲ့ ပစ္စည်းတွေကို ထုတ်လိုက်ပါ။
(၂) ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံ နည်းနည်းပဲ ထည့်ပါ
ပိုက်ဆံတွေ အပြည့်ထည့်ထားတဲ့ ပိုက်ဆံအိတ်ကို ဘောင်းဘီ နောက်အိတ်ကပ်ထဲထည့်ပြီး တစ်နေ့လုံးထိုင်တာက ကျောရိုးကို လိမ် ထားသလို ဖြစ်စေ ပြီး တင်ပါးရှိ နာ့ဗ် ကြောကို ဖိမိစေ နိုင်ပါတယ်။ ဒါက နာ့ဗ်ကြောရောင် ရမ်းမှုကို ဖြစ်စေ နိုင်ပါတယ်။ ဒီလို ဖြစ်ပြီး ခါးနာတာက အမျိုးသားတွေမှာ အဖြစ်များပါတယ်။
(၃) ဆေးမသောက်ခင် အပူကုထုံး သုံးပါ
ခါးနာတဲ့အခါ အကိုက်အခဲပျောက်ဆေး ပါရာစီတမောနဲ့ အိုင်ဗျူပရိုဖင်တို့ သောက်တာထက် အပူပေးပြီး အရင်ဆုံး ကုသ သင့်ပါတယ်။ ရေနွေးအိတ်ကပ်တာ မျိုးကို ရှစ်နာရီကြာ လုပ် ဆောင်ပေးရင် သက်သာနိုင်ပါတယ်။ လေ့လာမှုတစ်ရပ်အရ အကိုက်အခဲ ပျောက် ဆေးကို သောက် တာထက် အပူပေး ကုသတာက ပိုမိုထိ ရောက်တဲ့ အာနိသင် ကို ရရှိစေတယ်လို့ သိရပါတယ်။
(၄) သင့်အပ်ချုပ်ဆရာ ပြောစကားကို နားထောင်ပါ
ဘောင်းဘီချုပ်ဖို့ ကိုယ်တိုင်းတဲ့အခါ သင့်အပ်ချုပ်ဆရာက သင့်ခြေထောက်တစ် ချောင်းဟာ တခြားတစ်ချောင်းထက် ပိုတို နေတယ်လို့ ပြောရင် အလေးထားပါ။ ဒါက သင့်ခါးပေါ်မှာ ဒဏ်ပိပြီး ခြေထောက် တစ် ဖက်နဲ့ တစ်ဖက် တစ်လက်မလောက် ခြား နားနေတာ ဖြစ်နိုင်ပါတယ်။ တကယ်လို့ ဒီလိုခြားနားနေတယ်လို့ အပ်ချုပ်ဆရာက ပြောခဲ့ရင် အရိုးအထူးကုဆရာဝန်ဆီ သွားရောက်တိုင်ပင်ပါ။
(၅) ဒူးများကို မြှင့်ထားပါ
ထိုင်ခုံပေါ်မှာ ထိုင်တဲ့အခါ ဒါမှမ ဟုတ် လေယာဉ်ကြာကြာစီးတဲ့အခါ သင့် ဒူးတွေက သင့်တင်ပါးထက် အနည်းငယ် မြင့်နေစေဖို့ ခြေထောက်အောက်မှာ တစ် ခုခု ခံထားပါ။ ဒူးတွေက မြင့်နေရင် ခါး အောက်ပိုင်းအပေါ် ဖိအားသက်ရောက်မှု လျော့နည်းသွားပါလိမ့်မယ်။
Credit - http://myanmarpyithar.org/
       
လင်း(စွယ်စုံ)
www.linmss.org
အဆင်ပြေကြပါစေ။
Share on Google Plus

About Ko Lin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 coment�rios:

Post a Comment