Adbox

ခင်မင်ချင်ရင် မန်ဘာ ဝင်ရောက်နိုင်ပါတယ်

Glary Utilities Pro 5.38.0.58

Glary Utilities Pro နောက်ဆုံးထွက် Update လေးပါ..။ ဒီကောင်လေးရဲ့ အသုံးဝင်ပုံတွေက Advanced SystemCare နဲ့ CCleaner တို့လို အသုံးဝင်တာတွေ တူပြီး ဒီကောင်လေးမှာ ပိုကောင်းတာက ကျနော်တို့ ကွန်ပျုတာကို Shut Down ပိတ်လိုက်တဲ့ အချိန်မှာ တနေ့တာ ကျနော်တို့ အသုံးပြုထားတဲ့ History တွေ၊ Most Recently Used Lists တွေ၊ Privacy tracks တွေ၊ Caches လို့ခေါ်တဲ့ မလိုတဲ့ အမှိုက်တွေနဲ့ Temporary Files တွေကို တခါတည်း ရှင်းလင်းပေးနိုင်ပါတယ်..။ ဒီနည်းတွေကတော့ သူ့ရဲ့ Options တွေမှာ လိုက်ပြောင်းပေးရမှာ ဖြစ်ပြီး.. မပြောင်းလဲလိုရင်လည်း ဒီအတိုင်း အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ ဒီလို Options ကနေ လိုက်ပြောင်းပေးပြီးရင်တော့ Browser တွေကနေ Face Book တို့ ၊ Gmail တို့ကို Password တွေ User Name တွေ မထည့်ပဲ အရင်လို အလွယ် Browser ကို ကလစ်လိုက်ယုံနဲ့ ဝင်လို့ ရမှာ မဟုတ်တော့ပါဘူး..။ အကောင့်တွေ တခါဝင်တိုင်း တခါ နာမည်နဲ့ ပါတ်စ်ဝါဒ့်တွေ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်..။ ဒီလိုဖြစ်သွားတာကလည်း မိမိအကောင့်တွေကို ဟတ်ကာတွေ မခိုးနိုင်တော့မယ့် ကာကွယ်နည်းတခုဖြစ်သွားပါတယ်..။ တကယ်လို့ Options မှာ လိုက်မပြောင်းရင်တော့ အရင်လိုပဲ ပုံမှန်အသုံးပြုလု ရနေမှာပါ..။ ဒီကောင်လေးကို အသုံးပြုပြီးရင်တော့ စက်ကို Restart ချပေးလိုက်ရင် လေးနေ၊ နှေးနေတဲ့ စက်တွေမှာ အရင်ကထက် ပိုပြီး မြန်ဆန်သွက်လက်လာပါလိမ့်မယ်..။ ဒီ Glary Utilities Pro တူးလေးကလည်း ဝင်းဒိုးရဲ့ Systems ပိုင်းတွေကို Repair လုပ်ပေးနိုင်တဲ့ System Tool လေးတခုဖြစ်တဲ့အတွက် ဒီကောင်လေးကို အသုံးမပြုခင် မိမိတို့ဝင်းဒိုးကို အရင်ဆုံး Restore Point တွေဖန်တီးထားသင့်ပါတယ်..။ တကယ်လို့ ဝင်းဒိုး ပြန်မတက်နိုင်တော့တဲ့ Error တွေ ပေါ်ခဲ့မယ်ဆိုရင် ဒီ Restore Point တွေနဲ့ ဝင်းဒိုးကောင်းနေခဲ့ အချိန်ကို နောက်ပြန်သွားလို့ ရမှာ ဖြစ်ပါတယ်..။ Full Version အဖြစ် အသုံးပြုနိုင်အောင် Keygen ဖိုင်လေးပါ ထည့်ပေးထားပါတယ်။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။

 
   
ကျနော်တင်သမျှ  Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> လင်း နည်းပညာ page ကို    Like လုပ်ထားပေးပါ.  ကျေးဇူးတင်ပါတယ်။

     အဆင်ပြေကြပါစေ။
Share on Google Plus

About Ko Lin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 coment�rios:

Post a Comment