Online က ညီအကိုတစ်ယောက် တောင်းလို့ ပြန်တင်ပေးလိုက်ပါတယ်။
လိုအပ်တယ်ဆိုရင် အောက်မှာ Download ယူထားလို့ရပါတယ်။
*** Sp Flash Tool Downlod ***
*** SP Flash Tool Driver ***
အခြေခံကနေ စတင်ပြီးတော့ လေ့လာချင်ပါတယ် ဆိုတဲ့ ညီအကိုတွေအတွက်တော့ Tools တွေရဲ့ အသုံးပြုပုံ , Download ဆွဲထားတဲ့ Firmware နဲ့ အသုံးပြုပုံလေးကိုပါ တစ်ဆက်ထဲ ရှင်းပေးလိုက်ပါတယ်။
ကဲ ကိုယ်က Phone တစ်လုံးကို Firmware စတင်ပြီးတော့ ရေးရတော့မယ်။
Google မှာလဲ ကိုယ်ရှာလိုက်တဲ့ Firmware ကိုတွေ့ပြီ
Download ဆွဲလိုက်ပြီ ။
ဒါပင်မဲ့ ဘယ်လိုရေးရမှန်းမသိဘူး
okစပြောပြပါမယ်။
တစ်ကယ်လို့ ကိုယ်ဆွဲလိုက်တဲ့ ဖိုင်က Zip ဖိုင် ဒါမှမဟုတ် Rar ဖိုင်ဖြစ်ခဲ့မယ်ဆိုရင်တော့
အရင်ဆုံး Floder တစ်ခုအရင်ဖွဲ့လိုက်ပါ။ပြီးရင် အဲ့ဒီ Floder ထဲကိုဒေါင်းထားတဲ့
ဖိုင်ကိုထည့်ပါ။ Right Click ကိုနှိပ်ပြီးတော့ Extract Here ကိုနှိပ်လိုက်ပါ။
ကျလာတဲ့ ဖိုင်ပေါ်မူတည်ပြီးတော့ Firmware ရေးမယ့် Tools ကိုစဉ်းစားပါမယ်။
အပေါ်ကပုံလို File
ကိုဖြည်လိုက်တဲ့အခါ ထွက်လာတဲ့ ဖိုင်ကိုကြည့်ပါမယ်။
ဖိုင်တွေထဲမှာ
Boot.img
cache
EBR1
logo.bin
MBR
MT6572_Android_scatter_emmc.txt
preloader.bin
recovery.img
secro
system.img
uboot.bin
user data.img
ဆိုတဲ့ ဖိုင်တွေပါခဲ့မယ်ဆိုရင်
အဲ့ဒီ Firmware ကို SP Flash Tools နဲ့ ရေးရပါမယ်။
ဒါက စဉ်းစားနည်းပါ။
သူကို အလွယ်မှတ်ထားမယ်ဆိုရင်
MT65xx_Android_scatter_emmc.txt ပါရင် Sp Flash Tools နဲ့ ရေးရမယ်။
စတင်လေ့လာသူတွေအတွက်ကတော့ Firmware ရေးတော့မယ်ဆိုရင် စာဖတ်သူတို့ Coumputer မှာ အလိုအပ်ဆုံးကတော့ Driver ပါ။ဒါကြောင့် Phone ကို Firmware မတင်ခင် Coumputer ကို Driver တွေကို အရင်သိအောင်လုပ်ထားသင့်ပါတယ်။
Sp Flash Tools Driver ကို
လိုအပ်တယ်ဆို အောက်မှာ Download ဆွဲလိုက်ပါ။
လိုအပ်တယ်ဆို အောက်မှာ Download ဆွဲလိုက်ပါ။
*** SP Flash Tool Driver Download ***
Driver Install ပြုလုပ်ပြီးပြီဆိုရင်တော့ Firmware စရေးပါမယ်။
ပထမဦးဆုံး SP flash Tool ကို ဖွင့်ပါ။
Scatter-loading ဖိုင်နေရာတွင် ခုဏက Firmware Folder ရှိရာနေရာကိုသွားပြီး
MT65xx_Android_scatter_emmc.txt ကိုရွေးပါ။
ရွေးပြီးပါက Download ကိုနှိပ်ပါ။
ပြီးလျှင် ဖုန်းကို power ပိတ်ပြီး ၁၀စက္ကန့်ထားပါ။ပြီးလျှင်
Volume (-) ကိုဖိထားပြီး Cable ကြိုးထိုးကာ Coumputer နှင့် ချိတ်ဆက်ပါ။
Coumputer မှ လိုအပ်တာကို စစ်ဆေးပြီးတော့ အောက်ကပုံတွေအတိုင်းအလုပ်လုပ်သွားပါလိမ့်မယ်။

Download OK ဆိုတဲ့ အစိမ်းရောင် အ၀ိုင်းကြီးတစ်ခုကြလာရင်တော့
Firmware တင်ခြင်း ပြီးဆုံးပါပြီ။
Firmware တင်ပြီးသွားလျှင်တော့ ဖုန်းကို Batter ဖြုတ်ပြီး ပြန်တက်ကာ ပါဝါဖွင့ိုက်ပါ။
အခက်ခဲတစ်စုံတစ်ရာရှိပါက ကျွန်တော်တို့ရဲ့ Hot Line Number ဖြစ်သော 09261006601 ,09970110190 ဆက်သွယ်ပြီးတော့ အခက်အခဲများကို မေးမြန်းနိုင်ပါတယ်။
ref : ngaluu.com
ကျနော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> လင်း နည်းပညာ page ကို Like လုပ်ထားပေးပါ. ကျေးဇူးတင်ပါတယ်။
အဆင်ပြေကြပါစေ။
Hello p8ကို firmware ဘယ်လို တင်ရမလဲ
ReplyDeleteHello p8ကို firmware ဘယ်လို တင်ရမလဲ
ReplyDelete