Adbox

ခင်မင်ချင်ရင် မန်ဘာ ဝင်ရောက်နိုင်ပါတယ်

အိုင်သမားများ ရုပ်ရှင်ဖန်တီးနိုင်တဲ့ iMovie


iMovie App ဟာ တစ်ချိန်တုန်းက MacBook တွေမှာပဲ ပါဝင်ခဲ့ပေမယ့် iOS 8.3 နောက်ပိုင်းကစလို့ ဖုန်းမှာ, iPad ပါဝင်လာပါတယ်။ သူဟာ iOS 8.3 နောက်ပိုင်း upgrade လုပ်ရင် လိုအလျောက် ပါဝင်တဲ့ App ပါ။ ဒီတော့ iPhone 6, 6 Plus ကိုင်သမားများမှာ မဖြစ်မနေ ကြိမ်းသေပါတဲ့ App ဖြစ်ပါတယ်။ အဲ့ဒါကို သုံးကြည့်ပြီးရင် တကယ် သဘောကျသွားပါလိမ့်မယ်။

ကိုယ့်အနေနဲ့ Movie ဖန်တီးနိုင်သလို Trailer လည်း ဖန်တီးနိုင်ပါတယ်။ ယင်းကဲ့သို့ ဖန်တီးဖို့အတွက် မိမိဆီမှာတော့ ဗီဒီယိုတွေ ရှိထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ iPhone ရဲ့ ကင်မရာကို အသုံးပြုပြီး ဗီဒီယိုတွေ တတ်နိုင်သလောက် record လုပ်ထားဖို့ လိုအပ် ပါတယ်။ ကျနော်ဆိုရင် slot တစ်ခုကို စက္ကန့် ၃၀ နှုန်းစာလောက်နဲ့ video record လုပ်ထားပြီး Trailer ထဲမှာ ဖြတ်ညှပ်ကပ် ထည့်ပါတယ်။ ပြန်ကြည့်တဲ့အခါ ရုပ်ရှင်တကယ် ဖန်တီးနေတဲ့ အလား ခံစားရ ပါတယ်။ (တကယ်တန်း မတတ်တော်ငြားလည်းပေါ့)

အကယ်၍ Movie လိုအရှည်စား ဖန်တီးချင်တယ်ဆိုရင်တော့ အရှည်တွေ ရိုက်ထားဖို့ လိုအပ်ပါတယ်။ ပြီးရင် iMovie ကို ဝင်တဲ့အခါ ကိုယ်ဖန်တီးမယ့် အမျိုးအစားက Adventure လား၊ Bollywood စတိုင်လား၊ Triller လား၊ Romantic လား အစရှိသဖြင့် title အမျိုးမျိုး ရှိပြီး အဆင်ပြေရာ တစ်ခု ရွေးရပါတယ်။ title အစုံ ရှိပါတယ်။ Family, Teen တို့တောင် ပါဝင်ပါသေးတယ်။ အဲ့ဒီထဲက တစ်ခုကို ရွေးလိုက်ရင် ရွေးတာနဲ့ လိုက်ဖက်ညီတဲ့ နောက်ခံ တီးလုံး တွေကို သူက ထည့်ပေးလို့ပါ။ ကိုယ့်ရဲ့ အသံကို ထည့်ချင်လည်း ရှိပါတယ်။

စစချင်း ဖန်တီးချင်သူများအနေနဲ့ Trialer နဲ့ စမ်းကြည့်နိုင်ပါတယ်။ နောက်ပိုင်း အဆင်ပြေသွားအခါ movie ဖက်ကို စမ်းကြည့်နိုင်ပါတယ်။ သူ့ကို အသုံးပြုပြီးတော့ လေ့ကျင့်သွားရင် B movie အဆင့်ရှိတဲ့ ရုပ်ရှင်ပုံစံမျိုးတောင် ဖန်တီးနိုင်သွားပါလိမ့်မယ်။ (တကယ်ပြောတာပါ)

သူ့မှာ အစမ်းပြထားတဲ့ ဗီဒီယိုတွေပါ iMovie ထဲမှာ ပါဝင်ပြီးသား ဖြစ်ပါတယ်။


Ref: အောင်ခမ်း (MMAS)


ကျနော်တင်သမျှ  Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> လင်း နည်းပညာ page ကို    Like လုပ်ထားပေးပါ.  ကျေးဇူးတင်ပါတယ်။

     အဆင်ပြေကြပါစေ။
Share on Google Plus

About Ko Lin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 coment�rios:

Post a Comment