Adbox

ခင်မင်ချင်ရင် မန်ဘာ ဝင်ရောက်နိုင်ပါတယ်

မြန်မာစာတွေကိုအမျိုးမျိုးကို ထည့်သွင်းလို့ ထိုင်းစာပျောက်သွားရင် အလွယ်ဆုံးပြန်ထည့်နည်း

Android ချစ်သူများအတွက် မြန်မာစာဖောက်ထည့်ဖို့အတွက် မြန်မာစာတွေကို တစ်မျိုးပြီးတစ်မျိုးထည့်သွင်းလို့ အဆင်ပြေနိုးနိုးနဲ့ တစ်ခါတလေမှာ  မြန်မာစာလည်းရရော့ ထိုင်းစာပျောက်တတ်သွားတာမျိုးကို ထိုင်းရောက်Userသူငယ်ချင်းများ ကြုံဖူးမှာပါ။ ကျနော်လည်း ခဏခဏကြုံဖူးလို့ အခုနည်းက ထိုင်းစာကို ပြန်ရအောင် အလွယ်ဆုံး ဖြတ်လမ်းနည်းလေး တစ်ခုကို ပြည်လည်မျှဝေလိုက်ပါယ်ဗျာ။အရင်တင်ဖူးတဲ့ နည်းနဲ့လည်း အဆင်ပြေပါတယ် ။အရင်နည်းက လွန်ခဲ့တဲ့ ၁ နှစ်ကျော် ကျနော်ဘလော့စရေးကတည်း တင်ထားပါပြီ။ ဒီနည်းနဲ့ အဆင်မပြေသူများကတော့ အဲဒီနည်းလမ်း အတိုင်း လုပ်ပါဗျာ။
လိုအပ်ရင် ဒီမှာ  သွားကြည့်လိုက်ပါနော်။
ဒီနည်းလမ်းကတော့  Samsung -LAVA-  i_mobile- ZTE  စသောမော်ဒင်နောက်ဆုံးထွက် Lollipop Versionတွေမှာ အဆင်ပြေဆုံးလေးပါဗျာ။ဒီနည်းလမ်းကို အသုံးပြုရန်အတွက် ဖုန်းမှာ Root ရှိထားဖို့တော့ လိုအပ်တယ်နော်။
ကဲ့လိုအပ်တာလေးကို အရင်ဆုံး  ဒေါင်းပြီး ထိုင်းစာထည့်သွင်းမယ့်ဖုန်းမှာ Install လုပ်ထားပါ။


Font Installer


Thai Font ttf ကိုတော့ ဖုန်းထဲသို့  SD Card ကိုထည့်လိုက်ပါ။


Thai Font ttf


 ပြီရင်း Font Installerကို ဖွင့်လိုက်ပါ
 Font Installer ရဲ့ Local နေရာကနေ ခုနားက သိမ်းထားတဲ့  Thai Font ttf ကို ရှာပါ
Thai Font ttf ကို တွေပြီဆိုရင် ဖိလိုက်ပါ။ ဘောက်လေး တက်လာရင် အဲဒီမှာ အပေါ်မှာ တွေ့နေရတဲ့ ထည့်က Install ဆိုတာကို နှိပ်ပေးလိုက်ပါ။
Root ရှိပြီးသားဆိုတော့ SuperSu ကို တောင်းရင် ASK မှာ အမှတ်ခြစ်ပြီ.Grant ကို နှိပ်ပေးလိုက်ပါဗျာ။
Reboot တောင်းလျှင် Yes ကို နှိပ်ပေးရပါမယ်။Reboot  ကျပြီး ဖုန်းပါဝါ ပြန်တက်လာရင် ပျောက်သွားတဲ့ ထိုင်းစာကို မိမိဖုန်းမှာ အလွယ်တစ်ကူ ပြန်တွေ့မြင်နေရပါပြီ။
       
လင်း(စွယ်စုံ)
www.linmss.org
အဆင်ပြေကြပါစေ။
Share on Google Plus

About Ko Lin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 coment�rios:

Post a Comment