Adbox

ခင်မင်ချင်ရင် မန်ဘာ ဝင်ရောက်နိုင်ပါတယ်

Font style မရှိတဲ့ Andriod ဖုန်းတွေမှာ ကရင်စာနဲ့ ကရင်ကီးဘုတ်ကို ထည့်သွင်းနည်း(၂)


ဒီတစ်ခါတော့ ကရင်တိုင်းရင်းသား သူငယ်ချင်းတွေအတွက် Andriod  Font style မရှိတဲ့ ဖုန်းတွေမှာ အလွယ်ကူဆုံး ကရင်စာနဲ့ ကရင်ကီးဘုတ်ကို ထည့်သွင်းနည်း လေးကို တင်ပေးလိုက်ပါတယ်ဗျာ။ ကရင်စာနဲ့ ကရင်ကီးဘုတ်ကို ထည့်သွင်းရန်အတွက်တော့ ဖုန်းမှာ  Root ရှိထားဖို့တော့ လိုအပ်ပါတယ်။
ကရင်စာနဲ့ ကရင်ကီးဘုတ်ကို ထည့်သွင်းပြီးရင်လည်း မြန်မာစာရော့ ကရင်စာတွေကိုပါ ရေးနိုင် ဖတ်နိုင်မှာ ဖြစ်ပါတယ်။ ကရင်တိုင်းရင်းသားတွေ ကရင်စာတွေကို အသုံးပြုလို့ ရအောင်လို့ ဒီပို့လေးကို တင်ပေးလိုက်ရတာပါဗျာ။ ကရင်စာနဲ့ ကရင်ကီးဘုတ်ကို ထည့်သွင်းရန်အတွက်လည်း  အောက်မှာ လိုအပ်တာတွေကို အရင် ဒေါင်းယူလိုက်ပါဗျာ...

Font Installer 
ကရင်​ font-ttf

ကရင်ကီးဘုတ် နှစ်မျိုးကိုလည်း အောက်မှာ ဒေါင်းယူပါ 


စ​ကောကရင်​ကီးဘုတ်
ပိုးကရင်​ကီးဘုတ်
ဒေါင်းလို့ ရလာတဲ့ Font Installer နဲ့ Keyboard ကို ဖုန်းမှာ Install အရင်ပြုလုပ်ပါ။
ကရင်​ font-ttf ကိုတော့ ဖုန်းထဲသို့  SD Card ကိုထည့်လိုက်ပါ။

 ပြီရင်း Font Installerကို ဖွင့်လိုက်ပါ-Font Installer ရဲ့ Local နေရာကနေ ခုနားက သိမ်းထားတဲ့  

ကရင်​ font-ttf ကို ရှာပြီး တွေ့ပြီးဆိုရင် ဖိလိုက်ပါ.
ဘောက်လေး တက်လာရင် အဲဒီမှာ အပေါ်မှာ တွေ့နေရတဲ့ ထည့်က Install ဆိုတာကို နှိပ်ပေးရပါမယ့်။
Root ရှိပြီးသားဆိုတော့ SuperSu ကို တောင်းရင် ASK မှာ အမှတ်ခြစ်ပြီ.Grant ကို နှိပ်ပေးလိုက်ပါဗျာ။
Reboot တောင်းလျှင် Yes ကို နှိပ်ပေးရပါမယ်။Reboot  ကျပြီး ဖုန်းပါဝါ ပြန်တက်လာရင် ကရင်စာ ဖုန်းမှာ ရရှိနေပါပြီ။
 ကရင်ကီးဘုတ် ချိန်းရန်အတွက်လည်း ဖုန်းရဲ့ Setting >  Language and Input >ဝင်ပြီး Poe Karen Keyboard ကို အမှတ်လေးပေးလိုက်ပါ။
 ပြီးရင်  Default ကိုပြန်နှိပ်ပြီး Poe Karen Keyboard  ကိုရွေးပေးပါ
Keyboard ကို ရွေးလို့ မှန်ကန်ပြီး ဆိုရင်တော့ ကရင်စာနဲ့ ကရင်ကီးဘုတ်လေးနဲ့ စာရေးနိုင်ပါပြီ ခင်ဗျာ။


       
လင်း(စွယ်စုံ)
www.linmss.org
အဆင်ပြေကြပါစေ။
Share on Google Plus

About Ko Lin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 coment�rios:

Post a Comment