Adbox

ခင်မင်ချင်ရင် မန်ဘာ ဝင်ရောက်နိုင်ပါတယ်

4-inch အိုင်ဖုန်းသစ် ၏ အမည်သည် “iphone 5se” မဟုတ်တော့ ဟု ဆိုပြန်




4-inch အိုင်ဖုန်းသစ် ၏ အမည်သည် “iphone 5se” မဟုတ်တော့ ဟု ဆိုပြန်
……………………………………………………………………
.
လာမယ့် မတ်လမှာ ထွက်ရှိတော့မယ့် 4-inch အရွယ် အိုင်ဖုန်းသစ်ရဲ့ အမည်ဟာ iphone 7c , iphone 6c , iphone 5se စသဖြင့် ဖြစ်နိုင်တယ် လို့ အရင်ရက်တွေ တုန်းက ကျွန်တော်တို့ ကြားခဲ့ရပါတယ် ။ အထူးသဖြင့် “iphone 5se” ဆိုတဲ့အမည်ဟာ အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တာပါ ။
.
ဒါပေမယ့် အခုထွက်ပေါ်လာတဲ့ သတင်းသစ်အရ အထက်ပါနာမည်တွေ တစ်ခုမှ မဟုတ်တော့ပြန်ဘူး လို့ ဆိုပါတယ် ။ အဲဒီအစား အက်ပဲလ်ဟာ “iphone SE” ဆိုတဲ့အမည်ကိုပဲ ရွေးချယ်ပါလိမ့်မယ် တဲ့ ။ အဲဒီက SE ဆိုတာ “Special Edition” ရဲ့ အတိုကောက်ဖြစ်ပါတယ် ။
.
(အဲဒီတော့ “iphone 5se” အဖြစ်ကနေ “iphone SE” ဖြစ်သွားမယ့် သဘောပေါ့ဗျာ….)
.
အဆိုပါ အိုင်ဖုန်းအသစ်ရဲ့ ဒီဇိုင်း ဟာ iphone 5s နဲ့ ထပ်တူညီလုနီးပါး ရှိမယ်လို့ ဆိုပါတယ် ။ အဆိုပါဖုန်းသစ်ဟာ A9 chipset, upgrade လုပ်ထားသော 8 MP main camera, NFC , Apple Pay support, Bluetooth , Wi-Fi , LTE အစရှိတာတွေ ပါလာမယ် လို့ ဆိုပါတယ် ။
ဒေတာ သိုလှောင်နိုင်မှု အနေနဲ့ 16 နဲ့ 64GB storage ဗားရှင်းနှစ်မျိုး ထွက်ပေါ်နိုင်ပါ သတဲ့ ။
.
အဆိုပါ iPhone SE ကို မိတ်ဆက်မယ့် အက်ပဲလ် ရဲ့ ပွဲဟာ March 15 ဒါမှမဟုတ် March 22 ဖြစ်မယ် လို့ ဆိုပါတယ် ။ အဲဒီပွဲမှာ အိုင်ပတ်အသစ်တစ်မျိုးကိုလည်း မိတ်ဆက်မယ် လို့ သတင်းများ ထွက်ပေါ်နေပါတယ် ။ တချို့ကတော့ ipad Air 3 ဖြစ်မယ် လို့ ဆိုကြပြီး တချို့ကကျတော့ 9.7-inch အရွယ် ipad pro ဖြစ်မယ်လို့ ပြောနေကြပါတယ် ။
.
.
.
မျိုးနေနှိုင်း
@ Mobile Age (တောင်ကြီး)
                     

ကျနော်တင်သမျှ  Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> လင်း နည်းပညာ page ကို    Like လုပ်ထားပေးပါ.  ကျေးဇူးတင်ပါတယ်။

     အဆင်ပြေကြပါစေ။
Share on Google Plus

About Ko Lin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 coment�rios:

Post a Comment