Adbox

ခင်မင်ချင်ရင် မန်ဘာ ဝင်ရောက်နိုင်ပါတယ်

Android Gmail app တွင် Yahoo နှင့် Outlook account များ ထည့်သွင်းသုံးစွဲခြင်း




Gmail app ဟာ Android OS ပေါ်မှာ Gmail account အပြင် အခြားသော email service တွေကိုပါ ထောက်ပံ့ပေးလိုက်ပါပြီ။ Yahoo mail နဲ့ Outlook mail သုံးစွဲသူတွေအနေနဲ့ Gmail app ကနေ အဆိုပါအကောင့်တွေကို ထည့်သွင်းသုံးစွဲနိုင်ပါပြီ။Google ဟာ အခြားသော Yahoo mail, Outlook mail အစရှိတာတွေကို Gamil app ကနေသုံးစွဲနိုင်ဖို့အတွက် Gmail app version 5.11. version ရှိဖို့လိုအပ်မှာ ဖြစ်ပါတယ်။ အဆိုပါ version အထိ update မပြုလုပ်ရ သေးသူများအနေနဲ့ ဒီနေရာမှာ download လုပ်ယူနိုင်ပါတယ်။
အဆိုပါ version မှာ Spam mail တွေကို ပိုမိုထိရောက်စွာကာကွယ်နိုင်ခြင်း၊ Gmail categorie များကို အစီအစဉ်လိုက်အလွယ်တကူ စီနိုင်ရန်ပြုလုပ်ထားခြင်း၊ Advanced Search ကို ပိုမိုထိရောက်စွာလုပ်ဆောင် နိုင်ခြင်းအစရှိသည်တို့ ကို အထောက်အပံ့ပေးထားပါတယ်။

Gmail app version 5.11.. ကို Download ပြုလုပ်ပြီးပြီဆိုရင် အခြားသော Yahoo mail, Outlook mail အစရှိတာတွေကို ထည့်သွင်းဖို့အတွက် app ကိုဖွင့်ပါ။


ပြီးသွားရင် Add another email address ဆိုတာကို နှိပ်ပြီး Personal (IMAP/POP) ကို နှိပ်ပြီး Next ကို ဆက်နှိပ်ပါ။ ဆက်လက်၍ Yaoomail, Outlook mail တစ်ခုခုကို ထပ်မံ၍ အဆိုပါနေရာတွင် ထည့်သွင်းပြီး Next ကို နှိပ်ရပါမယ်။


နောက်တစ်ဆင့်ကတော့ Gmail app ထဲမှာ ဖော်ပြထားတဲ့ Mail Service တွေကို သုံးစွဲဖို့အတွက် Permission ပေးရမှာဖြစ်ပါတယ်။

ပြီးသွားရင် Mail Settings ထဲမှာ ဝင်ထားတဲ့ Yahoo Mail သို့မဟုတ် Outlook mail ကို Select ပြုလုပ်ပြီး Link Account ဆိုတာကို နှိပ်ပေးရမှာဖြစ်ပါတယ်။


      

ဒါဆိုရင် Gmail Accont နဲ့ Yahoo Mail သို့မဟုတ် Outlook mail ကို Inbox တစ်ခုထဲမှာ ချိတ်ဆက်ပြီးသွားပြီ ဖြစ်ပါတယ်။

Ref: CNET              
                    
ကျနော်တင်သမျှ  Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> လင်း နည်းပညာ page ကို    Like လုပ်ထားပေးပါ.  ကျေးဇူးတင်ပါတယ်။

     အဆင်ပြေကြပါစေ။
Share on Google Plus

About Ko Lin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 coment�rios:

Post a Comment