Adbox

ခင်မင်ချင်ရင် မန်ဘာ ဝင်ရောက်နိုင်ပါတယ်

GIF ဖိုင်တစ်ခုကို ဘယ်လိုဖန်တီးမလဲ




Facebook, Instagram, Twitter, Pinterest အစရှိတဲ့ လူမှုကွန်ရက်ဆိုက်တွေမှာ GIF ဖိုင်တွေကို သုံးစွဲသူတွေကိုယ်တိုင် ဖန်တီးပြုလုပ်ပြီး Post အဖြစ် ဝေမျှနိုင်ရန်အတွက် ပြုလုပ်နည်းဖြစ်ပါတယ်။ GIF ဆိုတာကတော့ ဖော်ပြချင်တဲ့ ပုံရိပ်တွေကို ထည့်သွင်းပြီး Loop တစ်ခုဖြစ်ဖန်တီးကာ အကြိမ်ကြိမ်ဖော်ပြပေးမယ့် အရာတစ်ခုဖြစ်ပါတယ်။ အဆိုပါ GIF တွေကို ကိုယ်တိုင်ဖန်တီး ပြုလုပ်လိုသူများအနေနဲ့ အောက်ဖော်ပြပါအတိုင်း အလွယ်တကူ ဖန်တီးပြုလုပ်နိုင်ပါတယ်။


အကယ်၍ GIF ဖိုင်တွေကို ကိုယ်တိုင်ဖန်တီးပြုလုပ်ပြီး မိမိရဲ့ Facebook Timeline မှာ တင်လိုသူတွေအတွက် ပထမဦးဆုံး Giphy.com (http://goo.gl/RriEKJ) ဆိုတဲ့ ဝက်ဘ်ဆိုက်ကို သွားရပါမယ်။ အဆိုပါ ဝက်ဘ်ဆိုက်ကို ရောက်ပြီဆိုရင် အခြားသူများ ဖန်တီးထားတဲ့ GIF ဖိုင်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။



အဆိုပါ ဝက်ဘ်ဆိုက်ကိုရောက်ပြီဆိုရင် အပေါ်ဘက်မှာရှိတဲ့ Upload ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။ ပြီးသွားရင် GIF Maker ဆိုတဲ့ Tab ကို နှိပ်ရမှာဖြစ်ပါတယ်။



ပြီးသွားပြီဆိုရင် Browse ဆိုတဲ့ Button ကို နှိပ်ပြီး ကိုယ်ပြုလုပ်ချင်တဲ့ ဗီဒီယိုဖိုင်တစ်ခုခုကို ထည့်သွင်းရပါမယ်။ အဆိုပါဖိုင်ဟာ 100MB ထက် မပိုရပါဘူး။ အကယ်၍ ဗီဒီယိုဖိုင်မရှိပါက YouTube, Vimeo, Vine အစရှိတဲ့ ဆိုက်တစ်ခုခုမှ မိမိနှစ်သက်ရာ ဗီဒီယိုဖိုင်ရဲ့ လိပ်စာကို ထည့်သွင်းနိုင်ပါတယ်။



နောက်တစ်ဆင့်ကတော့ ဗီဒီယို ဖိုင်တစ်ခုခုကို ထည့်သွင်းပြီးပြီဆိုရင် ကိုယ်လိုချင်တဲ့အပိုင်းကို Start Time မှာ သတ်မှတ်ပါမယ်။ နောက်တစ်ခုကတော့ Duration Time ကို ၃ စက္ကန့်ကနေ ၁၀ စက္ကန့်အထိ နှစ်သက်သလို ထားနိုင်ပါတယ်။ Caption ဆိုတဲ့နေရာမှာတော့ မိမိထည့်သွင်းမယ့် စာသားကို ရိုက်ထည့်နိုင်မှာ ဖြစ်ပါတယ်။



အထက်ပါ အဆင့်တွေပြီးသွားရင် Create GIF ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။ GIF ဖိုင်ကို ပြုလုပ်တဲ့အဆင့်မှာ ခဏလေး စောင့်ပေးရပါမယ်။ GIF ဖိုင်ကို ပြုလုပ်ပြီးသွားတာနဲ့ အဆိုပါခလုတ်မှာ Upload Completed ဆိုပြီး ပြနေမှာဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော့ မိမိ ဝေမျှချင်တဲ့ Social Media Site တစ်ခုခုကို ရွေးပေးရပါမယ်။ Share ဆိုတဲ့ Tab အောက်မှာ Facebook, Twitter, Pinterest, Tumblr, Instagram အစရှိတဲ့ Logo တစ်ခုခုကို နှိပ်ပေးလိုက်ရင် အဆိုပါဆိုက်နဲ့ သက်ဆိုင်တဲ့ Timeline သို့မဟုတ် Post တစ်ခုကို Popup Window နဲ့ဖော်ပြပြီး အဆိုပါနေရာမှ တိုက်ရိုက်ပြုလုပ်ထားတဲ့ GIF ဖိုင်ကို ဝေမျှနိုင်မှာဖြစ်ပါတယ်။


Ref: trustedreviews
                                                  
ကျနော်တင်သမျှ  Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> လင်း နည်းပညာ page ကို    Like လုပ်ထားပေးပါ.  ကျေးဇူးတင်ပါတယ်။

     အဆင်ပြေကြပါစေ။
Share on Google Plus

About Ko Lin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 coment�rios:

Post a Comment