Adbox

ခင်မင်ချင်ရင် မန်ဘာ ဝင်ရောက်နိုင်ပါတယ်

မိမိဖုန်းမှ IMEI ကိုရယူကြည့်ရှုနိုင်မယ့် နည်းလမ်း သုံးခု


မိမိဖုန်းမှ IMEI ကိုရယူနိုင်မယ့်နည်းလမ်း သုံးခုကို အားလုံးအတွက်
ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ စကားစပ်မိလို့ IMEI ဆိုတာဘာလဲလို့
မေးလာတဲ့သူတွေအတွက်ပါ၊ IMEI ရဲ့စာလုံးအရှည်က
 (International Mobile Equipment Identity) ပဲဖြစ်ပါတယ်။

ဒီ IMEI နံပါတ်သည် ဖုန်းတစ်လုံးအတွက် အရမ်းအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု
အဖြစ်သတ်မှတ်ထားကြပါတယ်၊ ဘာကြောင့်လဲဆိုတော့ မိမိဖုန်းဟာ အကြောင်းအမျိုးမျိုးကြောင့်
ပျောက်သွားတာမျိုး၊ ပြီးတော့ အခိုးခံလိုက်ရတာမျိုးဖြစ်သွားခဲ့ရင် မိမိဖုန်းမှာရှိနေတဲ့
IMEI နံပါတ်ကိုသိထားရင် အလွယ်တကူ ပြန်လည်ခြေရာခံယူနိုင်မှာပဲဖြစ်ပါတယ်။


ယခုပြောပြပေးသွားမယ့်နည်းလမ်း သုံးခု ကတော့မိမိဖုန်းမှာရှိတဲ့ IMEI နံပါတ်ကို
Check လုပ်ယူနိုင်တဲ့နည်းလမ်းများဖြစ်ကြပါတယ်၊ ဆက်လေ့လာကြည့်လိုက်ပါ။

နည်းလမ်း (၁)
==========
သင့်ဖုန်းရဲ့ IMEI နံပါတ်ကိုသိရှိနိုင်ဖို့ရန်အတွက် ပထမဆုံးနည်းလမ်းကတော့ dialing ပဲဖြစ်ပါတယ်
ဖုန်းမှာရှိတဲ့ Keypad တွင် နံပါတ်များကိုရိုက်ထည့်ပြီး ကြည့်ရှုနိုင်မယ့်နည်းလမ်းလည်းဖြစ်ပါတယ်
ဒီတော့ မိမိဖုန်းရဲ့ Keypad မှာ *#06# ဆိုပြီးရိုက်ထည့်လိုက်ပါ သင့်ဖုန်းမှာရှိတဲ့ IMEI နံပါတ်ကို
သူ့အလိုလိုဖေါ်ပြပေးလာပါလိမ့်မယ် အောက်ပါပုံအတိုင်းဖြစ်ပါတယ်။


နည်းလမ်း (၂) 
=========
ဒီတစ်ခါ IMEI နံပါတ်ကို Chcke ပြုလုပ်နိုင်မယ့်နည်းလမ်းကတော့
ဖုန်း Setting မှာပါလာတဲ့ Status ကိုအသုံးပြုပြီး ကြည့်ရှုနိုင်ခြင်းပဲဖြစ်ပါတယ်၊
ဒီအတွက် ဖုန်းရဲ့ Settings >About Phone > Stauts ဆိုပြီး တစ်ချက်ချင်းနှိပ်သွားလိုက်ပါ။


အောက်ပါပုံအတိုင်း IMEI information Option ရဲ့အောက်မှာ
IMEI (Slot1) IMEI SV (Slot1) စသည်ဖြင့် မြင်နေရပါလိမ့်မယ်။


နည်းလမ်း (၃) (Google dashboard)
======================
သင့်ဖုန်းရဲ့ IMEI နံပါတ်ကို Chcke ပြုလုပ်ပေးနိုင်မယ့် နောက်ထပ်နည်းလမ်းတစ်ခုကတော့
(Google dashboard) ကိုအသုံးပြုပြီး စစ်ဆေးကြည့်ရှုနိုင်မယ့်နည်းလမ်းပဲဖြစ်ပါတယ်။

ဖုန်းမှ Google Search Browser ကိုဖွင့်ပြီး Google Dashboard website ကိုသွားလိုက်ပါ
မိမိရဲ့ Google account (သို့) Gmail ကိုဝင်ခိုင်းပါလိမ့်မယ် log in လုပ်ပေးလိုက်ပါ၊
Google Dashboard Option မှာ အောက်ပါအတိုင်း မိမိဖုန်းတစ်လုံးရဲ့
Android Device အတွက် ပြီးပြည့်အစုံတဲ့ information ကိုမြင်တွေ့ရပါလိမ့်မယ်။

find out imei on phone
android imei number
how to get imei number on android
get imei on phone
locate imei on phone
finding imei on android tablet
check imei on phone
find lost phone using imei

ဒီလောက်ဆိုရင်တော့ သင့်ဖုန်းမှာ အရေးကြီးတဲ့ IMEI နံပါတ်ကို အရေးကြုံလာခဲ့ရင်
အလွယ်တကူ Check ပြုလုပ်တတ်လောက်ပြီလို့ မျှော်လင့်ပါတယ်။

Ref-www.guruswizard.com

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

ကျနော်တင်သမျှ  Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> လင်း နည်းပညာ page ကို    Like လုပ်ထားပေးပါ.  ကျေးဇူးတင်ပါတယ်။

     အဆင်ပြေကြပါစေ။
Share on Google Plus

About Ko Lin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 coment�rios:

Post a Comment