Adbox

ခင်မင်ချင်ရင် မန်ဘာ ဝင်ရောက်နိုင်ပါတယ်

Mi 4s ကို တရုတ်နိုင်ငံတွင် Xiaomi မိတ်ဆက်ကြေညာ




Mi 4s ကို တရုတ်နိုင်ငံတွင် Xiaomi မိတ်ဆက်ကြေညာ
________________________________________
Mi 5 ကို မိတ်ဆက်မကြေညာမီ Xiaomi က Mi 4s စမတ်ဖုန်းသစ်ကို တရုတ်နိုင်ငံ ဘေကျင်းမြို့၌ မိတ်ဆက်ပေးခဲ့သည်။
Mi 4s ၏ အရှေ့ဘက်နှင့် ကျောဘက်တွင် ဖန်သားပြင်ကို အသုံးပြုထားပြီး အလယ်တွင် သတ္တုကို အသုံးပြုထားသည်။ အရှေ့ဘက်တွင် ၅ လက်မအရွယ် 1920 x 1080 resolution display ကို အသုံးပြုထားသည်။ အရွယ်အစားက ၁၃၉.၂၆ x ၇၀.၇၆ x ၇.၈ မီလီမီတာဖြစ်ပြီး အလေးချိန်က ၁၃၃ ဂရမ်ဖြစ်သည်။
အတွင်းပိုင်းတွင် Qualcomm Snapdragon 808 chipset သစ်နှင့်အတူ 3GB RAM, 64GB storage တို့ကို အသုံးပြုထားသည်။ သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်ရန် microSD slot ကို ထောက်ပံ့ပေးထားသည်။ ကျောဘက်တွင် PDAF နှင့် two-tone LED flash ဖြင့် ရိုက်ကူးနိုင်သော 13 megapixel ကင်မရာပါဝင်သည်။ ထို့အပြင် fingerprint sensor တစ်ခုကိုလည်း ထောက်ပံ့ပေးထားသည်။
Mi 4s ကို 4G+ နှင့် VoLTE အပြင် dual SIM, USB Type-C တို့ဖြင့် အသုံးပြုနိုင်သည်။ MIUI 7 ကို အသုံးပြုထားပြီး Qualcomm Quick Charge 2.0 အထောက်အပံ့ပါဝင်သော 3260mAh ဘက်ထရီဖြင့် သုံးနိုင်သည်။
တန်ဖိုးမှာ ၁,၆၉၉ ယွမ် (၂၆၀ ဒေါ်လာ) ဖြစ်ပြီး အနက်ရောင်၊ အဖြူရောင်၊ ရွှေရောင်နှင့် ပန်းရောင်တို့ဖြင့် ရရှိနိုင်သည်။
Credit - Internet Journel
                           
ကျနော်တင်သမျှ  Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> လင်း နည်းပညာ page ကို    Like လုပ်ထားပေးပါ.  ကျေးဇူးတင်ပါတယ်။

     အဆင်ပြေကြပါစေ။
Share on Google Plus

About Ko Lin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 coment�rios:

Post a Comment