Android OS နှင့် Tablet ကိုင်ဆောင်ထားသော သူငယ်ချင်းတွေအတွက် ဖုန်းများတွင်ပျံနှံ့နေသည့် Monkey Tast ဆိုတဲ့ဗိုင်းရပ်စ်များကို ရှင်းလင်းနိုင်တဲ့ Monkey test Last 4.0.0 APK လေးကို တင်ပေးလိုက်ပါတယ်ဗျာ။ခုတစ်လော တော်တော်များ ဖြစ်နေကြတဲ့ ဖုန်းတွေအသုံးပြုရတာ အလွန်လေးနေခြင်း / အင်တာနတ်မဖွင့်ဘဲ အော်တိုပွင့်ပွင့်လာခြင်း / အင်တာနတ်ဖွင့်လိုက်သည်နှင့် မလိုလားအပ်တဲ့ ဆော့ဝဲလ်များကိုအော်တိုဒေါင်းလုတ် ဆွဲနေခြင်း / ဖုန်းကိုအနှက်အယှက်ဖြစ်စေသော ကြေညာများပေါ်ပေါ်လာခြင်း/ ဖြူ ကွက် အမဲကွက်များဖုန်းမှာပေါ်လာခြင်း / ဖုန်းပိတ်လိုက်လို့  ပြန်ဖွင့်ပါက Logo တွင် အချိန်အကြာကြာစောင့်ဆိုင်းပြီးမှ ပါဝါတတ်ခြင်း .... စတဲ့အချက်တွေက Monkey Tast ဆိုတဲ့ AndroidOSဖုန်းများတွင်ပျံနှံနေသည့်ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပါတယ်။ယခုဖော်ပြပေးလိုက်သည့်နည်းလမ်းကတော့ ရှင်းလင်တဲ့နည်းလမ်းဖြစ်ပါတယ်။ ဖုန်းတော်တော်များများတွင် အဆင်ပြေထားသော နည်းလမ်းဖြစ်ပါတယ်။အသုံးပြုရန် ဖုန်းတွင် Root လုပ်ထားရန်လိုအပ်မည်ဖြစ်ပါတယ်။
Android OS Version 2.3 နှင့်အထက်ရှိထားတဲ့ဖုန်းတွေပေါ်မှာinstallလုပ်၍အသုံးပြုနိုင်မှာ
ဖြစ်ပါတယ်။
ကျနော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> လင်း နည်းပညာ page ကို Like လုပ်ထားပေးပါ. ကျေးဇူးတင်ပါတယ်။
အဆင်ပြေကြပါစေ။
0 coment�rios:
Post a Comment