Adbox

ခင်မင်ချင်ရင် မန်ဘာ ဝင်ရောက်နိုင်ပါတယ်

ဖုန်းများအတွက် သုံးရ အဆင်ပြေဆုံး English -Myanmar Dictionary Applicatio

Dictionary Application  တွေ အများကြီးရှိတဲ့ထဲကနေ သုံးရတာ တော်တော်လေးကောင်းမွန်တဲ့အပြင် စကားလုံးတွေတော်တော်များများ ပြည့်ပြည့်စုံစုံရှိတဲ့English <—> Myanmar Dictionary Application တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ။ ဒီ Dictionary Application ကတော့ Magic Dictionary လို့ ခေါ်ပြီးတော့ Google Play Store မှာ free ဒေါင်းယူပြီး သွင်းလို့ရပါတယ် ။
Fotor_145812031394096
ဒီ Magic Dictionary App  ရဲ့ အသုံးပြုရတဲ့ပုံစံဟာ Application တွေကို တစ်ပြိုင်ထဲ သုံးလို့ရတဲ့ Multi Tasking feature ကို အသုံးချထားတာကြောင့် လက်ရှိမှာတော့ Multi-Task အသုံးပြုလို့ရတဲ့ Android ဖုန်းတွေမှာပဲ အသုံးပြုလို့ရအုံးမှာပါ ။ Multi-Task feature ကို အသုံးပြုထားတာကြောင့်လဲ ဒီ Magic Dictionary လေးဟာ တစ်ခြား application တွေနဲ့ ကွဲထွက်ပြီးတော့ အသုံးပြုရတာပိုကောင်းနေတာ ဖြစ်ပါတယ် ။ Multi Tasking feature သုံးတယ်ဆိုတာတာက ဒီ Magic Dictionary ကိုသုံးရင် လက်ရှိ သုံးနေတဲ့ Application ကနေမထွက်ပဲနဲ့ Magic Dictionary ကိုလဲ တစ်ပြိုင်ထဲတွဲသုံးလို့ရတဲ့ လုပ်ဆောင်ချက်ကို ဆိုလိုတာပါ ။ ဘယ်လိုပုံစံလဲဆိုတော့ Facebook Messenger application လိုမျိုးပေါ့ ။ လက်ရှိ သုံးနေတဲ့ application ကနေထွက်စရာမလိုပဲနဲ့ messenger chat head အဝိုင်း လေးတွေကနေ တစ်ဆင့် တစ်ခြားသူတွေနဲ့ chatting လုပ်လို့ရသလိုမျိုးပေါ့ ။ Magic Dictionary ကလဲ အဲ့ဒီ့ ပုံစံအတိုင်းပဲ လက်ရှိ သုံး နေတဲ့ application အပေါ်ကနေ ပေါ်လာပြီ:တော့ လိုချင်တဲ့ စာလုံး ကို ရှာနိုင်ပါတယ် ။  ဘယ်လို အသုံးချရမယ်ဆိုတာ လေ့လာကြည့်ရအောင်ဗျာ ။
Magic Dictionary App ကို  ဒီအောက်က Google Play Store  link ကနေ ဒေါင်းယူပြီး ဖုန်းမှာ သွင်းယူလိုက်ပါ ။
                 
ှုInstall ပြီးရင် App  ကို ဖွင့် လိုက်တာနဲ့  အောက်က ပုံမှာ ပြထားသလိုမျိုး  screen ရဲ့  ညာဘက်ဘောင် နားမှာ facebook chat head လိုမျိုး အဝိုင်းပုံစံလေးပေါ် လာပါလိမ့်မယ် ။
Screenshot_2016-03-15-18-01-50

အဲ့ဒီ့ အဝိုင်းလေးကို နှိပ်လိုက်ရင် အောက်က ပုံမှာ ပြထားသလို popup box လေးနဲ့   application က တက်လာပါလိမ့်မယ် ။ pop up box  အောက်နားမှာ Search  ရှိတဲ့ ဆိုတဲ့ နေရာကို တစ်ချက် ထောက်လိုက်ပြီး ကိုယ် ရှာချင်တဲ့ စကားလုံးကို ရိုက်ထည့်ပြီးတော့   keyboard ကနေ enter နှိပ်လိုက်ပါက အဲ့ဒီ့ စကားလုံးရဲ့ ဘာသာပြန် စကားလုံး ထွက်လာမှာဖြစ်ပါတယ် ။
Screenshot_2016-03-15-18-03-18
သိချင်တဲ့ စကားလုံးကို ရှာလို့ပြီးသွားလို့ အဲ့ဒီ့ popup box လေးကို ပြန် ပိတ်ချင်ရင် ထိပ်နားက chat head အဝိုင်းလေးကို ထောက်လိုက်ရင် ဒါမှ မဟုတ် ဖုန်းက Back ခလုပ်နှိပ်ပြီး ပြန်ထွက်လိုက်ရင် ပျောက်သွားပြီးတော့ chat head အဝိုင်းလေးပဲ ညာဘက်ဘောင်နားမှာကျန်ခဲ့ပါမယ် ။ တစ်ခြား Application တွေ ဖွင့်သုံးတဲ့ အချိန်မှာလဲ အဲ့ဒီ့ အဝိုင်းလေးက သုံးနေတဲ့ App ရဲ့ အပေါ်ကနေ ညာဘက်ဘောင်နားမှာပဲ ရှိနေမှာပါ ။ အဲ့ဒီ့လို ရှိနေတဲ့ အတွက် အားသာချက်က တော့ စကားလုံး တစ်ခုခု သိချင်တဲ့ အခါမှာ လက်ရှိ App ကနေထွက်စရာမလိုပဲနဲ့ သိချင်တဲ့စကားလုံးကို  chat head အဝိုင်းလေးကို နှိပ်ပြီး ရှာလိုက်ရုံပါပဲ ။
အားလုံးပြီးလို့ ဒီ Magic Dictionary  လေးကို လုံးဝ ပိတ်လိုက်ချင်ရင်တော့ chat head အဝိုင်းလေးကို  screen အောက်ဘက်အလည်နားလောက်ကို ဆွဲချပြီးတော့ ပိတ်လိုက်လို့ရပါတယ် ။
Screenshot_2016-03-15-18-07-56
Magic Dictionary မှာ စာလုံးတွေတော်တော် စုံစုံလင်လင်ပါရှိတာလဲ တွေ့ရပါတယ် ။  English —> Myanmar  ဒါမှ မဟုတ်  Myanmar — > English  ကြိုက်သလို ရှာလို့ရတာတွေ့ရပါတယ် ။ တစ်ခြား Dictionary application တွေထက် က ပိုသာတဲ့ လုပ်ဆောင်ချက်တစ်ခုကတော့ ကိုယ်ရှာတဲ့ စကားလုံးကို မတွေ့ရင် Developer  စီကို  ဒီစကားလုံးကို Magic Dictionary ထဲမှာ ပေါင်းထည့်ပေးဖို့ request ပို့လို့ရတဲ့ အချက်ပါပဲ ။ Developer ကနေ  user တွေ ရှာမတွေ့တဲ့ စကားလုံးတွေကို စုထားပြီးတော့ Dictionary ရဲ့ database ထဲကို နောက်ကွယ်ကနေ အော်တို ပေါင်းထည့်ပေး သွားမယ်လို့ဆိုပါတယ် ။
Screenshot_2016-03-16-15-23-21

ဒီ Magic Dictionary လေးဟာ ကျွန်နော်တို့ Myanmar IT Hub  အဖွဲ့သားတွေအတွက်တော့ သတင်းတွေ ဖတ်တဲ့ နေရာမှာ ၊ ဘာသာပြန်တဲ့ နေရာမှာ တော်တော်လေးကို အသုံးဝင်တဲ့အတွက် ကျွန်နော်တို့ရဲ့ စာဖတ်ပရိသတ်ကိုလဲ ပြန်မျှပေးလိုက်ပါတယ်။
Credit ; myanmarithub
                                    Download                             

ကျနော်တင်သမျှ  Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> လင်း နည်းပညာ page ကို    Like လုပ်ထားပေးပါ.  ကျေးဇူးတင်ပါတယ်။

     အဆင်ပြေကြပါစေ။
Share on Google Plus

About Ko Lin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 coment�rios:

Post a Comment