Adbox

ခင်မင်ချင်ရင် မန်ဘာ ဝင်ရောက်နိုင်ပါတယ်

MTK IMEI Back-up & Restore with MTK Droid Tool




MTK ဖုန်းများကို IMEI Back up & Restore ပြုလုပ်နည်းလေးကို MTK Droid Tool နဲ့
ပြုလုပ်ပုံလေး အခုမှစတင်လေ့လာသူတွေအတွက် ရေးသားပေးလိုက်ပါတယ်။
MTK ဖုန်းတွေမှာ Firmware တင်ရင်း ဒါမှမပာုတ် အကြောင်းအမျိုးမျိုးကြောင့် IMEI error တက်
ခဲ့ပါက MTK Droid Tool ကိုအသုံးပြုပြီး ပြန်လည် Restore ပြုလုပ်နိုင်ပါတယ်။ IMEI error တက်
နေတဲ့ဖုန်းကို အရင်ဆုံး ROOT tool တစ်ခုခုနဲ့ ROOT ပြုလုပ်လိုက်ပါ။ ပြီးရင်တော့ MTK Droid Tool
ကိုဖွင့်လိုက်ပါ။ ဖုန်းနဲ့ computer ချိတ်ဆက်ပေးလိုက်ပါ။ MTK Droid Tool မှာ ဖုန်းရဲ့ information
တွေပေါ်လာပါမယ်။ ဒါဆို MTK Droid Tool ကနေဖုန်းကိုသိသွားးပါပြီ။ အရင်ဆုံးအနေနဲ့ IMEI Back up
ပြုလုပ်နည်းလေး ပြောပေးပါမယ်။ Back up ဆိုတော့အကောင်းတစ်လုံး ဆီကယူရမှာဖြစ်ပါတယ်။
MTK Droid Tool ကဖုန်းကိုသိနေပြီဆိုရင် MTK Droid Tool မှာပါတဲ့ Root ဆိုတဲ့ Button လေးကို
နှိပ်လိုက်ပါ။


MTK Droid Tool မှာခဏအလုပ်လုပ်ပြီး ဖုန်းမှာ Root permission တောင်းလာပါမယ်။
Allow / Grand နှိပ်ပေးလိုက်ပါ။ ဒါဆို MTK Droid Tool မှာ Root Shell ဆိုပြီးပေါ်လာပါမယ်။

နောက်တစ်ဆင့်အနေနဲ့ အောက်ကပုံလေးအတိုင်းသွားပါ။


အဲဒီ အမှန်ခြစ်လေးတွေကို မဖျောက်ပါနဲ့။
နောက်တစ်ဆင့်မှာတော့ IMEI Back up စတင်ပါမယ်။

MTK Droid Tool ကနေ .tar ဖိုင်လေးနဲ့ IMEI ကို Back up ယူပေးသွားပါမယ်။
ဒါဆိုရင် IMEI Back up လုပ်တာပြီးပါပြီ။ reboot ချချင်ရင် Reboot button လေးကို
နှိပ်ပြီး Reboot ချပေးလိုက်ပါ။
Restore ပြန်လုပ်ရင်လဲအတူတူပါပဲ။ အပေါ်ကအဆင့်တွေအတိုင်း Root ဖောက် permission ပေး
အားလုံးလုပ်ပြီးရင် အောက်ကပုံလေးမှာပြထားတဲ့ Restore button လေးကိုနှိပ်လိုက်ပါ။

Restore button လေးကိုနှပ်လိုက်ပြီး ကိုယ်ထည့်မဲ့ model ရဲ့ back up ယူထားတဲ့
IMEI ကိုလမ်းကြောင်းရွေးပေးပါ။ MTK Droid Tool မှာ IMEI install လုပ်ပေးပါမယ်။
IMEI install တာပြီးသွားရင် ဖုန်းကို Reboot ချပေးလိုက်ပါ။ ဖုန်းမှာ Reboot ကျပြီး
ပြန်တက်လာရင်တော့ IMEI လေးစစ်ကြည့်လိုက်ပါ။ IMEI လေးကိုမြင်တွေ့ ရပါပြီ။
အဆင်ပြေပါစေ။
Warmly Welcome
Share on Google Plus

About Ko Lin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 coment�rios:

Post a Comment