Adbox

ခင်မင်ချင်ရင် မန်ဘာ ဝင်ရောက်နိုင်ပါတယ်

Root Vivo Y15





Root Vivo Y15 
******************
******************

Method 1
************
************

Vivo Y15 လို့နာမည်တပ်လိုက်ပေမယ့် MTK Device တော်တော်များများကို ဒီနည်းနဲ့ Root နိုင်မှာဖြစ်ပါတယ်။ Internet မှာရှာကြည့်လိုက်မယ်ဆိုရင် တော်တော်များများက Insecure Boot နဲ့ Root ခိုင်းတာကိုတွေ့ရပါတယ်။ မှန်ပါတယ်။ Insecure Boot နဲ့ Root လို့ရပါတယ်။

ဒါပေမယ့် ဘယ်က ဖိုင်မှန်းမသိ။ Fastboot က Flash လိုက်တဲ့အခါမှာ တစ်ချို့ ဖုန်းတွေမှာ အဆင်ပြေသွားတတ်ပေမယ့် တစ်ချို့မှာတော့ Logo ကနေ ဆက်မတက်လာတော့ပါဘူး။ ဆိုးတာက boot.img ကို ပြန် flash ပေးလိုက်ရင် ရပြီဖြစ်ပေမယ့် boot.img ပျက်သွားတဲ့အတွက် Fastboot ပါခေါ်မရတတ်ပြန်ပါဘူး။ ဒီတော့ တိုင်ပတ်တော့ပါပဲ။

အခြေခံရှိတဲ့သူကတော့ SP Flash tool ကနေ boot.img တစ်ဖိုင်တည်းကို flash ရင်ရမှန်းသိကြပေမယ့် တော်တော်များများကတော့ ဒီလိုမလုပ်တတ်ကြတဲ့အတွက် Firmware ပြန်ရေးရင်း Data တွေ အကုန်ဆုံးကုန်ပါရော။

ဒီတော့ ဒီနည်းလမ်းက အဲဒါမျိုးတွေကင်းပါတယ်။ ဒီတော့ စလိုက်ကြရအောင်ပါ။

၁။ ဒီနည်းလမ်းကို သုံးဖို့အတွက် MTKDroidTool တော့လိုပါတယ်။

လိုအပ်ရင် ဒီမှာ ဒေါင်းယူလိုက်ပါ      MTK Droid Tool



၂။ Insecure boot ပဲ လုပ်မှာဖြစ်ပါတယ်။ ဒီတော့ boot.img ဖိုင်လိုပါမယ်။ ဘယ်ကရမလဲဆိုတော့ Firmware ကနေ ရနိုင်ပါတယ်။ MTK Firmware တွေကို ဖြည်ကြည့်လိုက်ရင် boot.img ဖိုင်ကို တွေ့ပါလိမ့်မယ်။ ဒီဖိုင်ကို ကူးထားလိုက်ပေါ့ဗျာ။ အဲဒီလိုပဲ Recovery.img ဖိုင်ကိုလည်း ကူးထားလိုက်ပါဗျာ။

၎။ boot နဲ့ recovery file ရပြီဆိုရင် စမယ်။ MTKDroid Tool ကိုဖွင့်ဗျား။ ပြီးရင် Root, backup, recovery ထဲကိုသွား။ အဲမှာ to choose the boot.img file ဆိုတာလေးကို တွေ့လိမ့်မယ် ရွေးလိုက်။ ပြီးရင် Recovery and Boot ဆိုတဲ့ ခလုတ်ကိုနှိပ်။


၅။ Choose the boot.img file from phone which you own ဆိုတဲ့ dialogbox လေးကျလာရင် Firmware ထဲက ယူထားခဲ့တဲ့ boot.img လေးကိုရွေးပေးလိုက်။ Open နှိပ်ပေးလိုက်ရင် recovery file ကိုပါ တောင်းပါလိမ့်မယ်။ ထပ်ရွေးပေးလိုက်။

၆။ အဲမှာ phone name ဆိုပြီးပေါ်လာပါလိမ့်မယ်။ စိတ်ထဲတွေ့ကရာသာ လျှောက်ရိုက်ပေးလိုက်။ ပြီးရင် OK ။

၇။ ပြီးရင် ကိုယ့်ဟာကိုယ် Insecure boot လုပ်ပေးသွားလိမ့်မယ်။ များသောအားဖြင့်တော့ Recovery ကိုခွဲတဲ့အခါ ပြသနာတက်လေ့ရှိပြီး ERROR: Recovery doesn't match by the size ဆိုပြီးပေါ်လာတတ်ပါတယ်။ ကိစ္စ မရှိဘူးဗျား။


၈။ MTKTools Folder ထဲက Recovery ဆိုတဲ့ Folder ထဲကို ထပ်ဝင်လိုက် boot_patched ဘာညာဘာညာနဲ့ recovery ဘာညာဘာညာဆိုပြီး နှစ်ဖိုင်တွေ့လိမ့်မယ်။ recovery ကိုမလိုဘူး ဖျက်ချင်ဖျက်ပစ်လိုက်လို့ရတယ်။ boot_patched ကိုတော့ boot.img လို့ပြောင်းထားလိုက်။


၉။ ပြီးရင်တော့ OK ။ ဖုန်းကို fastboot ၀င် ကြိုးထိုးပြီးတော့ fastboot flash boot ဆိုပြီးရိုက်ပြီးတော့ စောစောကရထားတဲ့ boot.img လေးကို ဆွဲထည့် enter ခေါက်ရပြီ။ ပြီးရင်တော့ fastboot reboot နဲ့ ပြန်ထွက်။ ဖုန်းပြန်တက်လာရင် ကြိုက်တဲ့ root နဲ့ ကြိုက်သလိုသာ root ပေတော့။

၁၀။ Recovery error မတက်ခဲ့ဘူးဆိုရင် အဲဒီ recovery ကိုပါ ထည့် flash ပြီးတော့ SuperSU.zip လေးနဲ့ root လို့ရတယ်ဗျား။ KINGRoot တို့ Iroot တို့ကို မကြိုက်ဘူးဆိုရင်ပေါ့။

အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Method 2
************
************

နောက်တစ်နည်းနဲ့ပြမယ်။ ဒီနည်းကတော့ ရချင်တဲ့အလုံးရပြီးတော့ မရချင်ရင်လည်းမရဘူးဗျား။ ပထမနည်းနဲ့ အဆင်မပြေတော့မှ ဒီနည်းကိုသုံးပေါ့။

၁။ ဒီနည်းနဲ့ လုပ်မယ်ဆိုရင် boot ခွဲမယ့် tool လေးလိုတယ်။ ဒီက down ပါ
https://www.mediafire.com/?6nbnlbflxvghgg4

၂။ ရလာရင် ဖြည်လိုက် bootimg.exe ဖိုင်လေးထွက်လာမယ်။ အဲဖိုင်ကိုရော Firmware ကရထားတဲ့ boot.img ဖိုင်လေးကိုပါ Folder တစ်ခုတည်းမှာထည့်။ အဲ Folder ကိုဖွင့်ပြီး နေရာလွတ်မှာ Shift Right Click > Open command window here ကိုရွေး။

၃။ cmd ပေါ်လာလိမ့်မယ်။ အောက်က command ကို သုံးပြီးခွဲပါ။

* bootimg --unpack-bootimg boot.img

အဲမှာ boot.img ကွဲသွားလိမ့်မယ်။ ကွဲသွားတဲ့ထဲက initrd ဆိုတဲ့ folder ထဲကိုဝင်ပါ။ default.prop ဆိုတာလေးကိုပြင်မယ်။ right click နှိပ်ပြီး edit ပေါ့ (notepad ++ နဲ့ပိုကောင်းတယ်)

၎။ အဲမှာလိုက်ရှာကြည့်ဗျား။ ro.secure=1 ဆိုတာကိုတွေ့လိမ့်မယ်။ 1 ကို 0 လို့ပြောင်းလိုက် ပြီးရင် Save ပေါ့ဗျာ။

၅။ ပြီးရင် ခွဲထားတဲ့ boot.img ကိုပြန်ပေါင်းမယ် အောက်က command နဲ့ ရိုက်ထည့်လိုက်ပေါ့

* bootimg --repack-bootimg

၆။ boot-new.img နဲ့ boot-old.img ဆိုပြီးတော့ ၂ ဖိုင်ရလာလိမ့်မယ်။ boot-old.img ကို မသုံးဘူး။ boot-new.img ကို boot.img လို့ပြောင်းပါ။

၇။ ပြီးရင် အဲဒီ boot.img ကို fastboot ကနေ flash ပေးလိုက်ပါ။ ပြန်တက်လာရင်တော့ ကြိုက်တဲ့ root tool ကိုသုံးပြီး Root တော့ အိုကေတယ်။
Ref:Telecom Technology
ကျနော်တင်သမျှ  Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> လင်း နည်းပညာ page ကို    Like လုပ်ထားပေးပါ.  ကျေးဇူးတင်ပါတယ်။

     အဆင်ပြေကြပါစေ။
Share on Google Plus

About Ko Lin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 coment�rios:

Post a Comment