Adbox

ခင်မင်ချင်ရင် မန်ဘာ ဝင်ရောက်နိုင်ပါတယ်

စာရိုက်ရာမှာ Shortcuts များကို အသုံးပြုနိုင်တဲ့ Texpand Keyboard



Text Expander များဟာ ရိုက်နေကျစကားစုများကို Shortcuts ဖြင့် ရိုက်ကူးနိုင်တဲ့အတွက် အချိန်ကုန်သက်သာစေပါတယ်။ ဥပမာအားဖြင့် ထမစ လို့ ရိုက်လိုက်တာနဲ့ ထမင်းစားပြီးပြီလားလို့ အပြည့်အစုံပြသပေးမှာဖြစ်ပါတယ်။ Android Device များဟာ အရွယ်သေးငယ်တဲ့အတွက် ပီစီများမှာလို လျှင်မြန်စွာ စာရိုက်နိုင်ခြင်းမရှိပါဘူး။ အဲဒီအတွက် Android Device များမှာ Text Expander များဟာ ပိုလို့တောင် အသုံးဝင်ပါသေးတယ်။ Android အတွက် Text Expander တစ်ခုကတော့ Texpand ဖြစ်ပါတယ်။ Texpand ဟာ ပုဂံမြန်မာကီးဘုတ်အပြင် ကီးဘုတ်များစွာနဲ့ အလုပ်လုပ်ပါတယ်။ ဒါ့အပြင် Bluetooth Keyboards များ အပါအ၀င် Physical Keyboard များနဲ့လည်း အလုပ်လုပ်ပါတယ်။ Shortcuts စကားလုံးကို ရိုက်လိုက်တဲ့အခါမှာ Floating Bubble ပေါ်လာမှာဖြစ်ပြီး Bubble ကို နှိပ်ခြင်းဖြင့် စကားစုကို ထည့်သွင်းနိုင်ပါတယ်။ ဒါ့အပြင် Shortcuts စကားလုံးကို ရိုက်လိုက်တာနဲ့ တစ်ပြိုင်နက် အလိုအလျှောက် စကားစုကို ထည့်သွင်းအောင်လည်း ပြုလပ်နိုင်ပါတယ်။

အသုံးပြုနည်းကတော့

Texpand ကို ပထမဆုံးအကြိမ်ဖွင့်ရင် Permission တောင်းမှာပါ။ Open Settings ကို နှိပ်ပါ။ Settings> Accessibility ထဲမှ Texpand ကို Enable လုပ်ပေးပါ။



ပြီးရင်တော့ Home Screen ရဲ့ ညာဘက်ထိပ်မှ Switch ကို On ပြောင်းပေးပါ။ Texpand ရဲ့ Home Screen မှာ Shortcuts စကားလုံးများကို ထည့်သွင်းရမှာပါ။ အောက်ခြေမှ Plus Button ကို နှိပ်ပါ။

2

ဥပမာအားဖြင့် ဘရနလ ဆိုတဲ့ Shortcut စကားလုံးများကို ထည့်သွင်းပြီး သူ့အောက်မှာ ဘယ်ရောက်နေလဲ လို့ စကားစုအပြည့်အစုံကို သတ်မှတ်ပေးထားရမှာပါ။ Expands immediately မှာ On ထားပေးရင်တော့ Bubble ကို နှိပ်စရာမလိုဘဲ Shortcut ကို ရိုက်တာနဲ့ အလိုအလျှောက် အကျုယ်ဖြန့်ပေးမှာပါ။ ပြီးရင် အပေါ်ထိပ်မှ အမှန်ခြစ်ကို နှိပ်ပါ။

3
အဲဒီနည်းအတိုင်းပဲ Shortcuts များကိုထည့်သွင်းနိုင်ပါတယ်။

Facebook Messenger ကိုဖွင့်ပြီး Shortcut တစ်ခုကို ရိုက်ထည့်ပါ။ ဥပမာအားဖြင့် ထမစ လို့ ရိုက်ထည့်လိုက်တာနဲ့ အမှန်ခြစ်ပုံ Bubble ပေါ်လာမှာဖြစ်ပါတယ်။

4

Bubble ကို တစ်ချက်နှိပ်ရင် ထမင်းစားပြီးပြီလား လို့ အကျယ်ဖြန့်ပေးမှာပါ။ အကျယ်ဖြန့်ပြီးနောက်မှာ Back Button ကို ပြသပေးပါတယ်။ Back Button ကို နှိပ်ရင် အကျယ်ဖြန့်ပေးတာကို Cancel လုပ်ပေးမှာပါ။

5

Shortcuts များသတ်မှတ်စဉ်မှာ Expand immediately ကို ရွေးချယ်ထားရင်တော့ Bubble ကို နှိပ်စရာမလိုဘဲ အလိုအလျှောက် အကျယ်ဖြန့်ပေးမှာဖြစ်ပါတယ်။ Texpand ဟာ စမတ်ဖုန်းမှာ စာရိုက်တဲ့အခါမှာ လွယ်ကူအဆင်ပြေစေတဲ့ ကောင်းမွန်တဲ့ App တစ်ခုဖြစ်ပါတယ်။ 612kb အရွယ်အစားရှိပြီး Android 5.0 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။ အောက်ပါ လင့်မှာ ရယူနိုင်ပါတယ်။

 Credit  -- myanmardigitallife

Download From Here 


Download From Store 


     အဆင်ပြေကြပါစေ။
Share on Google Plus

About Ko Lin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 coment�rios:

Post a Comment